Wednesday, January 21, 2015

IS ဓားစာခံ ဂျပန် ၂ ဦး လွတ်မြောက်ဖို့ အဘေး ကတိပြု



ဂျပန် လူမျိုး ဓားစာခံ ၂ ဦးကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က သတ်ဖို့ ခြိမ်းခြောက် လိုက်တဲ့ ဗီဒီယို ထွက်ပေါ် လာပြီးနောက် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေးက ဒီလုပ်ရပ်ကို ရှုတ်ချ လိုက်ပြီး ဓားစာခံ တွေကို ချက်ချင်း ပြန် လွှတ် ပေးဖို့ တောင်းဆို လိုက်ပါတယ်။
ဂျပန် လူမျိုး ဂျာနယ်လစ် တစ်ဦးနဲ့ စစ်ရေး ကန်ထရိုက်တာ တစ်ဦးတို့ကို မနှစ်တုန်းက IS အဖွဲ့က ဖမ်းဆီး ခဲ့တာ ဖြစ်ပြီး အဲဒီ ဗီဒီယိုထဲမှာ မျက်နှာဖုံးစွပ်ထားတဲ့ စစ်သွေးကြွတစ်ဦးက ဒူးထောက် နေတဲ့ သူတို့ ၂ ဦး ပေါ်မှာ ဓား ဝှေ့ယမ်းနေတဲ့ ပုံကို ပြထားပါတယ်။

အဲဒီ ဂျပန် ဓားစာခံ ၂ ဦး အတွက် ဒေါ်လာ သန်း ၂၀၀ ပေးဖို့ IS စစ်သွေးကြွ အဖွဲ့က တောင်းဆို ထားတယ် လို့ သိရပါတယ်။

အခုလို ဓားစာခံ တွေကို သတ်ပစ်ဖို့ ခြိမ်းခြောက်မှုဟာ လက်ခံ နိုင်စရာ မရှိကြောင်း၊ အကြမ်းဖက် ဝါဒကို အလျှော့ပေးမှာ မဟုတ်သလို ဓားစာခံတွေ လွတ်မြောက်အောင် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွား မှာ ဖြစ်ကြောင်း လည်း ဂျေရုဆလင်မှာ ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် အဘေးက ကတိပေး ပြောဆို ခဲ့ပါတယ်။

BBC

No comments:

Post a Comment

My Blog List