Thursday, January 22, 2015

အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များအားပြန်လည်သုံးသပ်ပေးရန် သမ္မတဦးသိန်းစိန်တိုက်တွန်း


အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား ပြန်လည်သုံးသပ် ပေးရန် နိုင်ငံတော်သမ္မတက သဝဏ် လွှာ ပေးပို့ကာ အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအား ပြန်လည်သုံး သပ်ပေးရန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပေးပို့ကာ နိုင်ငံတော် သမ္မတက တိုက်တွန်းလိုက်သည်။
အေးချမ်းစွာ ပညာသင်ကြားရေး နှင့် အမျိုးသားပညာရေး အဆင့်မြင့်မား တိုးတက်ရေးဦးတည်လျက် သဝဏ်လွှာ ပေးပို့သည်ဟု ရေးသားဖော်ပြပြီး သမ္မတ ရုံး စာအမှတ်(၄ဝ)၊ ၁၉-၁-၂ဝ၁၅ ရက် စွဲဖြင့် ပြည်ထောင်စုလွှတ်တော်နာယက ထံသို့ လိပ်မူပြီး ဇန်နဝါရီ ၁၉ ရက်က ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါသဝဏ်လွှာတွင် ပြည် ထောင်စု အစိုးရက ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းခဲ့သည့် အမျိုးသား ပညာရေး ဥပဒေကြမ်းတွင် လူတိုင်းအ ကျုံးဝင် ပညာရေးကို ပုဒ်မ ၂၊ ပုဒ်မခွဲ (၇)၊ ပုဒ်မ ၁၆၊ ပုဒ်မ ၂၄ တို့တွင် ထည့် သွင်းဖော်ပြခဲ့ပါသည်။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းသော အမျိုးသား ပညာရေး ဥပဒေတွင် ပါဝင် ခြင်းမရှိသည့်အတွက် ပြန်လည် စဉ်းစား သုံးသပ်သင့်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ပညာရေးစီမံခန့်ခွဲမှုနှင့် စပ် လျဉ်း၍ ပုဒ်မ ၆ဝ နှင့် ပုဒ်မ ၆၁ တို့ တွင် ရေးသားဖော်ပြချက်နှင့် မတူညီ သည့် အမျိုးသားပညာရေးကော်မရှင် ဖွဲ့စည်းမှု ရေးသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဗဟို ချုပ်ကိုင်မှု လျှော့ ချပေး ရန် တောင်းဆိုမှု ဖြစ်ပေါ်လာခြင်းအပေါ်တွင်လည်း အဓိ ကနှင့်သာမည ခွဲခြားစဉ်းစားသုံးသပ်ရ မည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ် ရှားမှုကော်မတီဝင် ကိုဇေယျာလွင်က ''ကျောင်းသားတွေရဲ့ ဆန္ဒပြ မှုတွေ၊ သ ပိတ်မှောက်မှုတွေ လျော့ကျသွား ရင် တောင်မှ အစိုးရအနေဖြင့် ဆန္ဒပြမှုတွေ၊ သပိတ်မှောက် မှုတွေ ဆက်လက်ကြုံနေ ရဦးမှာပဲလို့ ပြောချင်ပါတယ်''ဟု ပြော သည်။

ပြည်ထောင်စုလွှတ်တော်က အမျိုး သားပညာရေး ဥပဒေအား ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ ၏ ၄၆ ရာခိုင်နှုန်းမှာ ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်တို့၏ ပြင်ဆင် ချက်များ ဖြစ်သည်ကို တွေ့ရသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဥပဒေကြမ်းအား လက်မှတ်ရေးထိုးရေး သမ္မတထံပေးပို့ခဲ့ရာ နိုင်ငံ တော် သမ္မတက သဘောထားမှတ်ချက် ၂၅ချက်ဖြင့် ပြင်ဆင်ရန်ပေးပို့ခဲ့သည့် အနက် ပြည်ထောင်စုလွှတ်တော်က ၁၉ ချက်ကို လက်ခံပြင်ဆင်ပေး ခဲ့ပြီး ကျန်အချက်များအား မူလဆုံးဖြတ်ချက်အတိုင်းထားရှိ၍ အတည်ပြုပြဋ္ဌာန်း ခဲ့သည်ဟု ဖော်ပြထားသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဒီဇင်ဘာ ၁၉ ရက် က မန္တလေးမြို့၌ ကျောင်းသားများ လှုပ်ရှာ မှုတစ်ခုပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ ၌ သပိတ်စခန်းဖွင့်လှစ်ရန် ဇန်နဝါရီ ၂ဝရက်တွင် မန္တလေးမြို့ အိမ်တော်ရာ ၁၄ ခန်း ဇရပ် အရှေ့မှ ရန်ကုန်မြို့အထိ လမ်းလျှောက်ထွက်ခွာခဲ့ကြောင်း သိရသည်။

#TheYangonTimes

No comments:

Post a Comment

My Blog List