Monday, January 19, 2015

''မိသားစုတွေကတော့ ကျွန်တော် အသက်ရှင်နေတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အဆက်အသွယ်တော့ မရှိဘူး''


အိန္ဒိယနိုင်ငံ Port Blair တွင် အခြေအနေအရပ်ရပ် ကြောင့် ဒုက္ခသည် အဖြစ်ရောက်ရှိနေသော မြန်မာရေ လုပ်သား ၁၅ဝ ဦးသည် ဒုတိယအသုတ်အဖြစ် ဇန်နဝါရီ၁၈ရက်က မြန်မာနိုင်ငံသို့ မြန် မာ့လေကြောင်းဖြင့် ပြန်လည်ရောက်ရှိ လာရာတွင် ပါဝင်သည့် အိန္ဒိယထောင်အတွင်း သုံးနှစ်ကြာ နေထိုင်ခဲ့ ရသူ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှ ဦးစောသန်းထွန်းလင်း ၏ ထောင်တွင်းအတွေ့အကြုံများနှင့် မြန် မာနိုင်ငံသို့ ပြန် ရောက်လာခဲ့သည်များကို မဇ္ဈိမ သတင်းထောက် နန်းမြင့်က တွေ့ဆုံ မေးမြန်းထားခြင်းဖြစ် ပါသည်။
အမေး။ ။ အိန္ဒိယဘက်ကို ဘယ်လိုကြောင့် ရောက်သွားတာလဲရှင့်။

အဖြေ။ ။ ရေလုပ်ငန်းလုပ်ရင်း ဟိုဘက်ကို ကျူးကျော်သွားတော့ ၂ဝ၁၁ ခုနှစ်ကတည်းက အဖမ်းခံရပါတယ်။ သူတို့ စက်လှေဖမ်းလို့ ကျွန်တော်တို့ ကျွန်းပေါ်တက်ပြးတယ်။ အစာလည်းမစားရ၊ ရေလည်းမသောက်ရ ဆိုတော့ ဘယ်လိုမှ မတတ်နိုင်လို့ အဖမ်းခံလိုက်တယ်။ ထောင်သုံးနှစ် အမိန့်ချခံရတယ်။ ပုဒ်မကတော့ မသိပါဘူး။

အမေး။ ။ ထောင်ထဲမှာရှိနေတုန်းက မိသားစုနဲ့ အဆက်အသွယ်ရခဲ့လား၊ မိသားစုတွေကရော အိန္ဒိယထောင် ထဲမှာ ရောက်နေတယ်ဆိုတာ သိလား။

အဖြေ။ ။ မိသားစုတွေကတော့ ကျွန်တော်အသက်ရှင်နေတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အဆက်အ သွယ်တော့ မရှိဘူး။

အမေး။ ။ အိန္ဒိယနိုင်ငံ၊ ထောင်ထဲမှာ နေတုန်းက ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။

အဖြေ။ ။ အနေအထိုင်၊ အစားအသောက်မကောင်းပါဘူး။ သူတို့ စကားလည်းနားမလည်တော့ ခက်ခဲ တာပေါ့။

အမေး။ ။ ရေလုပ်ငန်းကို ဘယ်အချိန်တည်းက လုပ်ကိုင်ခဲ့ပါသလဲ။

အဖြေ။ ။ ကျွန်တော် ရေလုပ်ငန်းလုပ်တာ အနှစ် ၂ဝရှိပြီ။ ဒါပထမဆုံးအကြိမ် အဖမ်းခံရတာ ဖြစ်ပါတယ်။

အမေး။ ။ မြန်မာနိုင်ငံကို ပြန်ရောက်လာဖို့ ဘယ်လို အဆက်အသွယ်ဖြစ်ခဲ့တာလဲ ပြောပြပေးပါဦး။

အဖြေ။ ။ ဒီကိုပြန်လာဖို့ ကိုလ်ကတ္တားက ဦးကျော်သူနဲ့ နယူးဒေလီက ဦးကျော်ညွန့်က သံရုံးတာဝန်ရှိသူတွေ က အကောင်းဆုံးနဲ့ အမြန်ဆုံး စီစဉ်ပေးပါတယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံကို အခုချိန်ပြန်ရောက်တာဖြစ် တယ်။

အမေး။ ။ အိန္ဒိယထောင်ထဲမှာ မြန်မာနိုင်ငံသား ဘယ်လောက်ထိ ရှိနေသေးလဲ။

အဖြေ။ ။ အပြင်ကမ့်ပ်ထဲမှာ ၁ဝဝ ကျော်လောက်ရှိသေးတယ်။ ထောင်ထဲမှာ ၆ဝဝ ကျော်လောက် ကျန်ရှိနေသေးတယ်။

အမေး။ ။ ဒီကို ပြန်ရောက်တော့ ဘယ်လိုခံစားရပါသလဲ။

အဖြေ။ ။ ပြန်ရောက်တော့ တအားဝမ်းသာပါတယ်။ ကျွန်တော့်မိန်းမနဲ့ သမီးနှစ်ယောက်နဲ့လည်း ပြန်တွေ့ ရတော့ မယ်ဆိုတော့ ဝမ်းသာတာပေါ့။

အမေး။ ။ မိသားစုတွေကရော ပြန်လာမယ်ဆိုတာ သိလား။

အဖြေ။ ။ မသိကြဘူးထင်တယ်။ လာမကြိုဘူးလေ။

အမေး။ ။ ဒီရေလုပ်ငန်းကို ဆက်လုပ်သွားဖို့ရှိပါလား။

အဖြေ။ ။ ကျွန်တော် ရှေ့ဆက် မလုပ်တော့ပါဘူး။

အိန္ဒိယနိုင်ငံPort Blair wGif တွင် အခြေအနေအရပ်ရပ်ကြောင့် ဒုက္ခသည်အဖြစ်ရောက် ရှိနေသော မြန် မာရေလုပ်သား ၃၉၆ ဦးကို ဇန်နဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိသုံးကြိမ်ခွဲကာ မြန်မာနိုင်ငံသို့ ပြန် လည် ခေါ်ဆောင်လျက် ရှိသည်။

ဒုက္ခသည်များတွင် ဧရာဝတီတိုင်းဒေသကြီးမှ ၃၂၉ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ တစ်ဦး၊ တနင်္သာရီတိုင်းဒေ သကြီးမှ ၁ဝ ဦးနှင့် ရခိုင်ပြည်နယ်မှ ရေလုပ်သား ၅၆ ဦးတို့ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List