Tuesday, January 20, 2015

ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင်ရုံးကို တားမြစ်ပိတ်ပင်မှု ရုပ်သိမ်း


ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က မြို့တော်ဒါကာရှိ အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာရဲ့ရုံးကို လုံခြုံရေးချထားပြီး ကန့်သတ်ပိတ်ပင်ထားမှုကို ဒီနေ့ ဖယ်ရှားလိုက်တာကြောင့် ၁၆ ရက်ကြာ ပိတ်ပင်မှုကို အဆုံးသတ်လိုက် ပါတယ်။
၂ ကြိမ်ဆက်တိုက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် ထမ်းရွက်ဖူးသူ မစ္စစ်ခါလီဒါဇီယာရဲ့ရုံးကို လက်ရှိ ၀န်ကြီးချုပ် ထွက်ပေးဖို့ အစိုးရဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြမှုတွေအပြီး အစိုးရက ကန့်သတ်ခဲ့ပါတယ်။

နယ်မြေခံရဲတပ်ဖွဲ့အကြီးအကဲက ရုံးက လုံခြုံရေးတွေကို မနေ့ညသန်းခေါင်က ဖယ်လိုက်ပြီလို့ အေအေက်ဖ်ပီ သတင်းဌာနကို ပြောဆိုပြီး မစ္စစ်ဇီယာအနေနဲ့ လွတ်လပ်စွာ သွားခွင့်ရှိပါပြီလို့ ဆိုပါတယ်။

မစ္စစ်ဇီယာက နိုင်ငံတ၀န်းမှာ သယ်ယူပို့ဆောင်ရေးကို တားဆီးပိတ်ဆို့ဖို့ တောင်းဆိုခဲ့ပြီးနောက် အတိုက် အခံ တက်ကြွလှုပ်ရှားသူတွေက ဘတ်စ်ကားတွေ၊ မော်တော်ကားတွေနဲ့ လော်ရီကားတွေကို ဖျက်ဆီးခဲ့ကြ သလို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲခဲ့ပါတယ်။

တားမြစ်ချက်ကို မရုပ်သိမ်းမီ မနေ့ မနက်ပိုင်းမှာ အစိုးရက အင်တာနက်ကနေ ဖုန်းခေါ်ဆိုနိုင်၊ မက်ဆေ့ခ်ျပေး ပို့နိုင်တဲ့ Viber နဲ့ Tango ကို နိုင်ငံတ၀န်း ပိတ်ပင်ခဲ့ပါတယ်။

မက်ဆေ့ခ်ျပို့ ဆက်သွယ်တာဟာ ဖုန်းဆက်သွယ်မှုကို လိုက်ရတာ မလွယ်ဘဲ ခက်ခဲတဲ့အတွက် ထောက် လှမ်းရေးအဖွဲ့ရဲ့ တောင်းဆိုချက်အရ တယ်လီဖုန်း ဆက်သွယ်ရေး ထိန်းညှိရေး ကော်မရှင်က ဒီဝန်ဆောင် မှုကို ရပ်စဲခဲ့တာ ဖြစ်ပါတယ် ။

မစ္စစ်ဇီယာရဲ့ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီ ပါတီ ပြောခွင့်ရသူကတော့ ရုံးကို ကန့်သတ်ချက် မှု ပြန်လည်ရုပ်သိမ်းခဲ့ပေမယ့် ဆက်လက်ပြီး သယ်ယူပို့ဆောင်ရေးကို တားမြစ်မှုတွေ ဆက်လက် လုပ်ဆောင်မယ်လို့ ပြောဆိုပါတယ်။

မစ္စစ်ဇီယာက မနှစ်ကကျင်းပခဲ့တဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲရလဒ်တွေ အပေါ် အခြေပြုပြီး ရွေးကောက် ပွဲအသစ်တခု ထပ်မံကျင်းပဖို့ လိုလား နေပါတယ်။

ဆန္ဒပြမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိက ၀င်ငွေရရှိတဲ့အထည်ချုပ်လုပ်ငန်းကို အကြီးအကျယ် အထိ နာစေခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိက အထည်အလိပ်တင်ပို့တဲ့ ဥရောပသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က စိုးရိမ်ကြောင်းပြောဆိုကြပြီး ဒီအကျပ်အတည်းကို လက်ရှိ အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေ ဆွေးနွေးအဖြေရှာကြဖို့တိုက်တွန်းကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ မနှစ် ကျင်းပတဲ့ ရွေးကောက်ပွဲကို ဆန္ဒပြခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့နောက်ပိုင်း အကြမ်းဖက် မှုတွေ တဖြည်းဖြည်း ဆိုးဝါးလာတာဖြစ်ပြီး ၂၇ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ ၃၀ ဦး ရှိခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List