လွှတ်တော်တွင် မကြာမီဆွေးနွေးမည့် မျိုးစောင့်ဥပဒေကြမ်း နှစ်ခုသည် အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်း များနှင့် ကိုက်ညီမှုရှိသည်ဟု ပြည်ထောင်စု ရှေ့နေချုပ်က မစ္စရန်ဟီးလီအား ပြောဆိုခဲ့ ကြောင်း ဇန်နဝါရီ ၁၆ ရက် ထုတ် မြန်မာ့ အလင်းသတင်းစာက ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အ ခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စ ရန်ဟီးလီက ပြည် ထောင်စုရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်နှင့် ဇန်နဝါရီလ ၁၃ ရက်က လာရောက်တွေ့ ဆုံခဲ့ပြီး လူ့အခွင့်အရေး ဆိုင်ရာ အဓိကစာ ချုပ်များတွင် မြန်မာနိုင်ငံက ပါဝင်ရေးနှင့် လွှတ်တော်တွင် ရေး ဆွဲနေသည့် မျိုးစောင့် ဥပဒေများနှင့်ပတ်သက်ကာ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာထွန်းရှင်က ကိုးကွယ် ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ကြမ်းသည် လွတ်လပ်စွာ ကိုးကွယ်မှုကို အား ပေးကြောင်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိ ခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းမှာလည်း ကျန်းမာရေး စောင့် ရှောက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အလေးထားသည် ဟု ပြောဆိုခဲ့ကြောင်း ¤င်းသတင်းစာတွင် ဖော်ပြသည်။
ကိုးကွယ်ရာ ဘာသာကူးပြောင်း ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဘာသာကူး ပြောင်းလိုသူများသည် သက် ဆိုင်ရာ မြို့နယ် အလိုက် သာသနာရေးမှူး၊ လဝကဦးစီးမှူး၊ အုပ်ချုပ်ရေးမှူး စသည့် ပုဂ္ဂိုလ်များပါဝင် သည့် မှတ်ပုံတင်ရေးအဖွဲ့ထံ မိမိအနေဖြင့် ဘာသာကူးပြောင်းလိုကြောင်း အချက်အ လက်များဖြင့် တင်ပြရ မည်ဖြစ်ကြောင်း ဥပ ဒေကြမ်းတွင်ဖော်ပြပါရှိသည်။
ယင်းဥပဒေကြမ်းတွင် ဘာသာ တစ်ခုမှ အခြားဘာသာတစ်ခုသို့ ကူးပြောင်း လိုသူများသည် တစ်စုံ တစ်ယောက်မှ သွေး ဆောင်ဖြားယောင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနိုင်အထက် ပြုကျင့်သူများ မဖြစ်ရဘဲ အ ဆိုပါ အချက်များအား ကျူးလွန်ပါက ထောင် ဒဏ်ခြောက်လမှ နှစ်နှစ်အထိ၊ ဒဏ်ငွေကျပ် တစ်သိန်းမှ နှစ်သိန်း အထိ အသီးသီး ကျခံ စေရမည်ဟု ဖော်ပြထားသည်။
ယခုအချိန်တွင် မျိုးစောင့်ဥပဒေ များနှင့်ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ် ရှားသူများက ဝေဖန်ကန့်ကွက်နေ သလို ယင်း ဥပဒေများအား ထောက်ခံသည့် အင်အား စုအချို့မှာလည်း မြန်မာ့လူမှုအဖွဲ့အစည်း တွင် အခိုင်အမာ ရှိနေသည်။
မျိုးစောင့်ဥပဒေမူကြမ်းများမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာ တမ်းအပါအဝင် အမျိုးသမီး အခွင့် အရေး နှင့် ကလေးအခွင့်အရေးဆိုင်ရာ စံချိန်စံနှုန်း များအရသာမက လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရလည်း ကိုက်ညီမှုမရှိဟု မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ တာဝန်ခံ ဒေါ်ခင်ဥမ္မာက သုံးသပ် သည်။
''အဓိက,က လွတ်လပ်စွာ ကိုး ကွယ်ပိုင်ခွင့်ဆိုတဲ့ဟာပဲ။ လူတစ်ယောက်ရဲ့ ယုံကြည်မှု၊ ကိုးကွယ်မှုဆိုတာက ဘယ်ဥပဒေ နဲ့မှ ထိန်းချုပ်လို့ရတဲ့ဟာ မဟုတ်ဘူး။ ဘယ် ဘာသာကိုမှ မကိုးကွယ်ချင်တဲ့လူရှိရင်လဲ အဲဒါ သူ့ရဲ့လွတ်လပ်ခွင့်ပဲ''ဟု ဒေါ်ခင်ဥမ္မာ က ဆက်ပြောသည်။ ယင်းမျိုးစောင့် ဥပဒေများအပေါ် အီးယူ ဥရောပ သမဂ္ဂမှလည်း စိုးရိမ်မကင်း ဖြစ်မိကြောင်း အီးယူတာဝန်ရှိသူက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြော ဆိုခဲ့ သည်ဟု ဗွီအိုအေ အမေရိကန်အသံသတင်းဌာနတွင် ဖော်ပြချက်အရ သိရသည်။
လူ့အခွင့်အရေး လှုပ်ရှားသူများ နှင့် နိုင်ငံတကာမှ စောင့်ကြည့်သူများက မျိုးစောင့်ဥပဒေများအပေါ် ဝေဖန် ကန့်ကွက် နေကြသော်လည်း ရခိုင်ပြည်နယ် မြေပုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အမျိုးဘာသာ တည်တံ့ရေး နှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ အတွက် ဥပဒေ ပြဋ္ဌာန်းရခြင်းဟုဆိုသည်။
''ဥပဒေကြမ်းအဆင့်မှာပဲ ရှိသေး တယ်။ အဲဒီဥပဒေကြမ်းကို လွှတ်တော်က ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှ ဥပဒေ ဖြစ် လာမှာပါ။ အခုချိန်ကတည်းက သူများပြည် တွင်းရေးကို ဝင်စွက်တာ၊ တားမြစ်တာ၊ ကန့် သတ်တာ၊ ဝေဖန်တာ လုပ်ဖို့က အချိန်စော ပါသေးတယ်''ဟု ယင်းကဆက်ပြောသည်။
Yangon Media Group

No comments:
Post a Comment