Wednesday, December 10, 2014

ဆီးရီးယား ဒုက္ခသည် ၁.၇ သန်းကို WFP ပြန်ထောက်ပံ့မယ်


ရံပုံငွေ ​အခက်အခဲကြောင့် ​ဆီးရီးယားဒုက္ခသည်တွေကို ​ပေးနေတဲ့ ​အစား အသောက် ​ထောက်ပံ့မှု ​အစီ အစဉ်ကို ​ရပ်တန့်လိုက်ရပြီလို့ ​ကုလသမဂ္ဂက ​ပြောဆိုပေမယ့် ​အခုအခါမှာ ​အစားအသောက်တွေ ​ပြန်လည် ​ထောက်ပံ့နိုင်တယ်မယ်လို့ ​ကြေညာလိုက်ပါတယ်။

လွန်ခဲ့တဲ့ ​တစ်ပါတ်ကျော်တုန်းကပဲ ​ကုလသမဂ္ဂရဲ့ ​ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ​ငွေကြေးတွေ ​မလုံလောက်လို့ ​ဆီးရီးယား ​ဒုက္ခသည် ​အယောက်ပေါင်း ​၁.၇ ​သန်းကို ​ပေးနေတဲ့ ​အစားအသောက် ဘောက်ချာလက်မှတ် တွေကို ​ပေးနိုင်မှာ ​မဟုတ်တော့ဘူးလို့ ​ပြောခဲ့ပါတယ်။

အဲဒီ ​အစီအစဉ် ​ဆက်လက် ​လုပ်ဆောင်နိုင်ဖို့ ​ဒေါ်လာ ​သန်း ​၇၀ ​လိုအပ်မယ်လို့ လည်း ​ပြောခဲ့ပါတယ်။

အဲဒီလို ​ပြောဆိုပြီးနောက် ​အရေးပေါ် ​လျူဒါန်းမှုတွေလုပ်ဖို့ ​တိုက်တွန်းကြရာက ​လူပေါင်း ​တစ်သောင်းခွဲနည်း ပါးနဲ့ ​ပုဂ္ဂလိက ​ကုမ္ပဏီတွေက ​လျူဒါန်းမှု ​လုပ်ခဲ့ကြပါတယ်။

အများဆုံးကတော့ ​ဆော်ဒီအာရေးဗီးယား၊ ​နယ်သာလန်၊ ​အီးယူ၊ ​ဂျာမနီနဲ့ ​ကာတာနိုင်ငံက ​လျူဒါန်းကြတာ ​ဖြစ်ပါတယ်။

လိုအပ်တဲ့ ​ငွေပမာဏက ​သန်း ​၇၀ ​ဖြစ်ပေမယ့် ​သန်း ​၉၀ ​တောင် ​ရရှိခဲ့တာ ​ဖြစ်ပါတယ်။

အစားအသောက် ​ဘောက်ချာလက်မှတ်တွေကို ​တူရကီ၊ ​ဂျော်ဒန်လို ​နိုင်ငံမှာခိုလှုံနေတဲ့ ​ဆီးရီးယား ဒုက္ခသည်တွေကို ​ပေးမှာ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List