Tuesday, December 09, 2014

ဆီးရီးယား ဒုက္ခသည် ၁၈၀,၀၀၀ ကို အခြား နိုင်ငံများက လက်ခံပေးရန် ကုလသမဂ္ဂ တိုက်တွန်း



ဆီးရီးယားနိုင်ငံရှိ ပဋိပက္ခစစ်ပွဲများ အကြားရှိ ဒုက္ခသည် ၁၈၀, ၀၀၀ ခန့်ကို လက်ခံပေးကြရန် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်း ၃၀ ကျော်က နိုင်ငံများကို ဒီဇင်ဘာ ၈ ရက်က ပန်ကြားလိုက်သည်ဟု သိရသည်။ ယင်းဒုက္ခသည် အရေ အတွက်သည် လာမည့် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ရှိလာမည့် ဒုက္ခသည် အရေအတွက်၏ ငါးရာခိုင်နှုန်းခန့် ဖြစ်မည်ဟု ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်သည်။ 
ယခုကဲ့သို့ ဒုက္ခသည်များကို လက်ခံ ပေးရေးကိစ္စကို ဒီဇင်ဘာ ၉ ရက်တွင် ဂျီနီဗာမြို့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ် သည်။

ဆီးရီးယား နိုင်ငံတွင် သုံးနှစ်တာ ကြာမြင့်နေပြီ ဖြစ်သည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ၃ ဒဿမ၂ သန်းကျော်ကို အိမ်နီးချင်း နိုင်ငံများတွင် စာရင်းသွင်း နေ ကြပြီး ယင်းနိုင်ငံရှိ ပဋိပက္ခ များသည်လည်း အဆုံးသတ် နိုင်မည့် အလားအလာ နည်းပါးနေ သည်ဟု သိရသည်။

၂၀၁၅ နှစ်ကုန်ပိုင်းတွင် ဒုက္ခသည် ဦးရေ ၃ဒဿမ ၆ သန်းနီးပါးထိ မြင့်တက်လာ နိုင်သည်ဟု UNHCR က ယုံကြည်ထား သည်။

အကယ်၍ နိုင်ငံများက ယင်းဒုက္ခသည် ၁၈၀,၀၀၀ ကို လက်ခံပေးပြီး အကူအညီ ပစ္စည်းများနှင့် စီးပွားရေး ထောက်ပံ့မှုများ ကို တံခါးဖွင့် ကြိုဆိုပေးသည့် နိုင်ငံ များဆီသို့ ပေးအပ် မည်ဆိုလျင် ဆီးရီးယား ပဋိပက္ခများ အတွင်းမှ ဒုက္ခသည်များ ထွက်ပြေး လာနိုင်ရန် နယ်စပ်ဂိတ်များကို ဖွင့်ပေး ထားမည့် နိုင်ငံများကို အားပေး ကူညီရာ ရောက်မည် ဖြစ်ပြီး ၎င်းတို့၏ တည်ငြိမ် အေးချမ်းမှုကို ထောက်ပံ့ ပေးနိုင်မည်ဟု UNHCR က ပြောသည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List