Monday, December 08, 2014

အမှန်တရား ပေါ်ပေါက် လာခြင်းလို့ ဆိုလိုက်တဲ့ မေမြတ်နိုး



တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Asia Pacific World 2014 အလှမယ် ပြိုင်ပွဲတွင် သရဖူရရှိ ခဲ့သည့် အလှမယ်မေမြတ်နိုးနှင့် တောင်ကို ရီးယား နိုင်ငံ Miss Asia Pacific World Super Talent Organization တို့ ဖြစ်ပွား ခဲ့သည့် ပြဿနာတွင် မေမြတ်နိုး ဘက်မှ အမှန်တရား များ သာပြောဆို လုပ်ကိုင် ခဲ့ကြောင်း အဖြစ်မှန် ထွက်ပေါ်လာ ခဲ့ပြီ ဖြစ်ရာ မဇ္ဈိမမှ မေမြတ်နိုးကို တွေ့ဆုံမေးမြန်း ခဲ့ပါသည်။
ကိုရီးယား နိုင်ငံဘက်နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စမှာ မေမြတ်နိုး အနိုင်ရတယ် ဆိုတာက...

အနိုင်ရတယ် ဆိုတာထက် အမှန်ပေါ် လာတာလို့ ပိုသုံးချင်ပါတယ်။ ဟိုဘက်ကလည်း မြတ်နိုး ပြောတာတွေက အမှန်တရားတွေ ဆိုတာကို ဝန်ခံတဲ့အတွက် အမှန်တရား ပေါ်သွားတာ ပေါ့နော်။ နိုင်တာ မနိုင်တာတော့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တရားလည်း စွဲထားတာ မဟုတ်ဘူးလေ။ အဲဒါကြောင့် အနိုင်ရ တယ်လို့ ပြောလို့ မရဘူးပေါ့။ သရဖူကတော့ အရင် ကတည်းက နိုင်လာ တာပေါ့။

ကိုရီးယား နိုင်ငံသား မစ္စတာ ချွိုင်ရောင်ချွဲက အခု တရားစွဲဆို ခံနေရတယ် ဆိုတာက...

ကိုရီးယား နိုင်ငံသား မစ္စတာ ချွိုင်ရောင်ချွဲက( Choi Young Chul )သရဖူကိစ္စ အပါအဝင် တခြားကိစ္စ ရပ်တွေနဲ့ ပတ်သက်ပြီး သမီးကို တရားစွဲဆို မယ်လို့ပြော ခဲ့တဲ့ သူပါ။ အခုတော့ သူက အဲဒီကိစ္စ တွေရော သူတို့ဘက်က အဖွဲ့အစည်းမှာ ငွေကြေးအလွဲ သုံးစား ပြုလုပ်မှုတွေ ကြောင့်ရော တောင်ကိုရီးယား နိုင်ငံမှာရှိ တဲ့ Fact-Finding Mission က စစ်ဆေး မေးမြန်း မှုတွေ ပြုလုပ် နေပါပြီ။ အဲဒါကြောင့် ကိုရီးယား နိုင်ငံ Miss Asia Pacific World Super Talent Organization က သမီးကို မတရားစွပ်စွဲ စေခိုင်းမှုတွေ ပြုလုပ်ခဲ့တယ် ဆိုတာကို အမှန်တရား ပေါ်ပေါက် လာပါပြီ။

အဲဒါဆို သရဖူကို ဘယ်လို လုပ်မယ်လို့စိတ်ကူးလဲ..။

သရဖူကို လိုချင်ရင် ပြန်ယူသွားလို့ မြတ်နိုး ပြောထား ပြီးသားပါ။ မြတ်နိုး အတွက် နာမည်နဲ့ ဂုဏ်ရှိပြီးသားပါ။ အဲဒါကိုတော့ မြတ်နိုး ဘာနဲ့မှ မလဲနိုင်ဘူး။ မြန် မာနိုင်ငံရဲ့ ဂုဏ်၊ မြတ်နိုးရဲ့ ဂုဏ်ကို ဘာနဲ့မှ လဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ ကိုယ်က အလှမယ် တစ်ယောက် အနေနဲ့ ပရဟိတတွေ လုပ်ဖို့ရယ် အနုပညာ လမ်းကြောင်းပေါ် လျှောက်ဖို့ရယ်ပဲ ခေါင်းထဲ ရှိပါတယ်။ ပြီးတော့ ဒီသရဖူက ကိုရီးယား တစ်နိုင်ငံထဲက ပေးတာ မဟုတ်ပါဘူး။ စင်္ကာပူ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ အပါအ၀င် တခြားနိုင်ငံ တွေလဲ အများကြီး ပါတယ်။ နိုင်ငံတကာက ပေးထားတာပါ။ သမီး အတွက်က သရဖူ မလိုပါဘူး။ မြန်မာ နိုင်ငံနဲ့ မေမြတ်နိုးရဲ့ ဂုဏ် သိက္ခာပဲ လိုအပ်တာပါ။ သရဖူကို လက်ရှိတော့ သမီးလက်ထဲမှာ ရှိနေ ပါသေးတယ်။ နောင်ဘာလုပ်ဖြစ် ဦးမလဲ ဆိုတာ မသိနိုင်သေး ပါဘူး။

ရှေ့ဆက်မယ့် အနုပညာ လှုပ်ရှားမှုလေး ပြောပါဦး။

ရှေ့ဆက်ပြီး ပရိသတ် အားပေးတဲ့ အနုပညာရှင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစား သွားမှာပါ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List