Monday, December 08, 2014

ကင်ဂျုံအန်းကို သရော်ထားသည့် ရုပ်ရှင်ကြောင့် ဆိုနီရုပ်ရှင်ကုမ္ပဏီ ကွန်ပြူတာ တိုက်ခိုက်ခံရ


ပြီးခဲ့တဲ့ ၁ ပတ်က ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပြူတာတွေ တိုက်ခိုက်ခံရမှုကို မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်ခဲ့တာ မဟုတ်ပဲ မြောက်ကိုရီးယားကို စာနာ ထောက်ခံသူတွေ လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ် လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဒီဇင်ဘာ ၇ ရက်နေ့က ကြေညာပါတယ်။

အခုနှစ်ကုန်ပိုင်းမှာ ဆိုနီရုပ်ရှင်ကုမ္ပဏီက ထုတ်တော့မယ့် အင်တာဗျူး (Interview) ဆိုတဲ့ ရုပ်ရှင်ကားဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို သရော်ထားတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် ဒါဟာ မြောက်ကိုရီး ယားကို စစ်ရေးအရ တိုက်ခိုက်တာလို့ စွပ်စွဲထားတာပါ။

ဒါကြောင့် အခုလို့ ကွန်ပြူတာတွေ တိုက်ခိုက်ခံရတယ်ဆိုရင်လည်း ဖြစ်သင့်ဖြစ် ထိုက်တယ် လို့လည်း ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို မြောက်ကိုရီးယားနိုင်ငံကို စွပ်စွဲခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံကိုလည်း မြောက်ကိုရီးယားနိုင်ငံက ပြစ်တင်ဝေ ဖန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ နည်းပညာတိုက်ပွဲ ဆင်နွှဲနိုင်လောက်တဲ့အထိ စွမ်းရည်ရှိတယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေ ပြောဆိုကြပြီး များသော အားဖြင့်ကတော့ တောင်ကိုရီးယားအစိုးရကို အဓိက ပစ်မှတ်ထား တိုက်ခိုက် တာပါ။

အခု ဆိုနီရုပ်ရှင်ကုမ္ပဏီ တိုက်ခိုက်ခံရမှုမှာတော့ ကုမ္ပဏီရဲ့ အရေးကြီးအချက် အလက်တွေ ထိုးဖောက်ခံ ရပြီး ကွန်ပြူတာစနစ်တွေ ရပ်ဆိုင်သွားခဲ့တာပါ။

DVB

No comments:

Post a Comment

My Blog List