Wednesday, December 10, 2014

မူဂါဘီကို လုပ်ကြံဖို့ စွပ်စဲခံရတဲ့ ဒုသမ္မတ ရာထူးကဖယ်ရှားခံရ


ဇင်ဘာဗွေနိုင်ငံ ​ဒုသမ္မတဟာ ​သမ္မတ ​ရောဘတ် ​မူဂါဘီကို ​လုပ်ကြံဖို့ ​ကြိုးစားတယ်လို့ ​စွပ်စွဲခံရပြီးနောက် ​ရာထူးကနေ ​ဖယ်ရှားခံလိုက်ရပါတယ်။ ဇင်ဘာဗွေ ​နိုင်ငံမှာ ​သမ္မတ ​တစ်ဦးသာ ​ရှိခဲ့ပြီး ​အသက် ​၉၀ ​အရွယ် ​ရောဘတ် ​မူဂါဘီကပဲ ​နှစ်ပေါင်းများစွာ ​ဆက်တိုက် ​အုပ်ချုပ်လာတာ ​ဖြစ်ပါတယ်။


အမျိုးသမီး ​ဒုသမ္မတ ​Joyce ​Mujuru ​က ​သမ္မတရဲ့ ​အရိုက်အရာကို ​ခံမယ့်လူလို့ ​မြင်ကြပေမယ့် ​အခုအခါမှာ ​ရားထူးကနေ ​ဖယ်ရှားခံလိုက်ရပါတယ်။

ဒုသမ္မတအပြင် ​ဝန်ကြီး ​၇ ​ယောက်ကိုပါ ​ရာထူးကနေ ​ဖယ်ရှားလိုက်ပြီ ​ဖြစ်ပါတယ်။

သူမကို ​ဝေဖန်သူတွေကတော့ ​ဒုသမ္မတဟာ ​သမ္မတ ​လုပ်ကြံဖို့ ​ကြိုးစားနေ တယ်လို့ ​စွပ်စွဲကြပါတယ်။

သမ္မတရဲ့ ​ဇနီးသည်ကလည်း ​ဒုသမ္မတကို ​အထူးတလည် ​ဝေဖန်မှုလုပ်ခဲ့ပါတယ်။

သမ္မတ ​ကတော် ​Grace ​Mugabe ​ဟာ ​Zanu ​PF ​ပါတီမှာ ​ကြီးမားတဲ့ ​ရာထူးကို ​ရရှိထားသူဖြစ်ပြီး ​ဒုသမ္မတ ​ရာထူးကို ​သမ္မတ ​ကတော်က ​ရယူချင်နေတာလို့ ​သုံးသပ်ကြကြောင်း ​အာဖရိက ​ဆိုင်ရာ ​အေဘီစီ ​သတင်း
ထောက် ​Martin ​Cuddihy ​က ​သတင်းပေးပို့ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List