Thursday, December 11, 2014

အလှမယ် ဂျူးစံသာ အာရှတိုက်ရဲ့ အလှဆုံးမယ်ဆုရရှိ






မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဂျူးစံသာ ဟာ ဗင်နီဇွဲလားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Miss Tourism 2014 အလှမယ်ပြိုင်ပွဲမှာ Miss Tourism Asia 2014 ဆိုတဲ့ အာရှတိုက်ရဲ့အလှမယ်ဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သူ့ရဲ့ Organization က ဆိုပါတယ်။ 

“ဒီဆုဟာ အာရှတိုက်ကို ကိုယ်စားပြုတဲ့ အလှမယ် Miss Tourism Asia ဆုကိုရတာပါ။” လို့ Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်က ပြောပါတယ်။



ပြိုင်ပွဲဝင်နိုင်ငံတခုချင်းစီရဲ့ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုကို မြှင့်တင်ဖို့နဲ့ အသိပညာ ဗဟုသုတ တွေ မျှဝေဖို့ရယ်ဆိုတဲ့ ရည် ရွယ်ချက်နဲ့ ကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈၀ ကျော်က ကိုယ်စားပြုအလှမယ်တွေ လာရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ 

Miss Tourism 2014 အလှမယ်ဆုကိုတော့ ဂျပန်နိုင်ငံက ရရှိသွားတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီပြိုင်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပခဲ့တာပါ။

“အရမ်းပဲ ၀မ်းမြောက်ဂုဏ်ယူပါတယ်။ organization အနေနဲ့ သွားပြိုင်တဲ့ အလှမယ်တိုင်းလိုလို အခုလို ဆုတွေ အသီးသီး ရတဲ့အတွက် အရမ်းပဲ ၀မ်းသာပါတယ်။ ရှေ့ဆက်ပြီးတော့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ အ ကောင်းဆုံး ကြိုးစားဖို့အ တွက်လည်း ခွန်အားတွေဖြစ်စေပါတယ်။ အကောင်းဆုံးလည်းကြိုးစားသွားပါ့မယ်။ အခု သွားပြိုင်တဲ့ အလှမယ်လေးတွေ ဆိုရင်လည်း အခက်အခဲတွေရှိတဲ့ကြားထဲကနေ မြန်မာဆိုတဲ့ စလွယ်ကို လွယ်ပြီးတော့ မြန်မာဆိုတဲ့ စိတ်တခုတည်းနဲ့ ကြိုးစားခဲ့တဲ့အတွက် အခုလို ရလာဒ်ကောင်းတွေ ရလာတယ်လို့ လည်း ကျနော့အနေနဲ့မြင်ပါတယ်။ အားလုံးကိုလည်း ဂုဏ်ယူပါတယ်။” လို့ ကိုဝေယံအောင်က ဆိုပါတယ်။

သိပ်မကြာသေးခင်ကလည်း မြန်မာအလှမယ် ဟန်သီဟာ ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supranational 2014 မှာ Miss Supranational Asia & Oceania ဆိုတဲ့ အာရှတိုက်ရဲ့ အလှမယ်ဆု ရရှိလာခဲ့သေးပါတယ်။

မြန်မာအလှမယ် ဂျုးစံသာဟာ ဗင်နီဇွဲလားနိုင်ငံကနေ မြန်မာနိုင်ငံသို့ လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပြန်ရောက်မှာဖြစ် တယ်လို့ သူ့ရဲ့ organization က ပြောပါတယ်။


ဧရာဝတီ

No comments:

Post a Comment

My Blog List