Tuesday, December 09, 2014

အမေရိကန်တွင် လူနေအိမ်ပေါ် လေယာဉ်ပျက်ကျ



အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ ဆင်ခြေဖုံးရပ်တွင် လေယာဉ်ငယ်တစ်စီး လူနေအိမ်တစ်လုံးပေါ်ပျက်ကျ၍ လူခြောက်ဦး သေဆုံးခဲ့သည်။ မာရီလန်းအရပ်ရှိ နေအိမ်ပေါ်သို့ လေယာဉ်ငယ် ပျက်ကျခြင်းဖြစ်ပြီး ယာဉ်ပေါ် လိုက်ပါသူ သုံးဦး သေဆုံးခဲ့ သည်။ နေအိမ်တွင်းရှိ မိခင်တစ်ဦးနှင့် တစ်လသား အရွယ်နှင့် သုံးနှစ်အရွယ် သားငယ်နှစ်ဦးတို့ သေဆုံးခဲ့ကြောင်း တာဝန်ရှိ သူများက နောက်ပိုင်းတွင် အတည်ပြုသည်။
ယင်းနေအိမ်တွင် လူငါးဦးနေထိုင်ခြင်းဖြစ်ကြောင်း၊ အရွယ်ရောက် အမျိုးသားတစ်ဦးနှင့် ကျောင်းနေအရွယ် ကလေးတစ်ဦး တို့ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

"လေယာဉ်ပျံသန်းလာတာကို မြင်ရတယ်။ လေယာဉ်ပေါ်က လူတစ်ယောက်ကို တွေ့တယ်။ ကျွန်တော် လှမ်းပြောလိုက်မိ တယ်။ လေယာဉ် ပျံသန်းတာ အရမ်းနိမ့်လွန်းတယ်လို့ ထင်ကြောင်း လှမ်းပြောခဲ့တယ်။"ဟု အနီးတွင်နေထိုင်သူတစ်ဦးက ပြောသည်။

လေယာဉ်မောင်းသူက ၉၀ ဒီဂရီ ချိုးကွေ့လိုက်ကြောင်း၊ ယင်းနောက်တွင် အိမ်နှင့်တိုက်မိကာ မီးလောင်သွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"ကျွန်တော် ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရတယ်။ လေယာဉ်အတွင်းမှာလည်း လူတွေ လိုက်ပါလာတာ တွေ့ရတယ်။ အိမ်ထဲမှာ ဘယ်သူမှ မရှိပါစေနဲ့လို့ ဆုတောင်းမိတယ်" ဟု ၎င်းက ပြောသည်။

ပျက်ကျသည့် လေယာဉ်သည် ခရီးသည် ဆယ်ဦးဆံ့ အင်ဂျင်နှစ်လုံးတပ်လေယာဉ် တစ်စင်းဖြစ်ကြောင်း ဗဟိုလေကြောင်း စီမံရုံးက ပြောသည်။

လေယာဉ်ပျက်ကျရာနေရာသို့ စုံစမ်းရေးစေလွှတ်ထားကြောင်း အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှုအဖွဲ့က ပြောခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List