Monday, December 08, 2014

ရုရှ လိုလားသော သူပုန်များနှင့် ဆွေးနွေးပွဲသစ်များ ပြုလုပ်မည်ဟု ယူကရိန်းအစိုးရ ကြေညာ



ဘီလာရုဇ် နိုင်ငံမြို့တော် မင့်တွင် လာမည့် သီတင်း ပတ်ထဲ၌ ပြုလုပ်မည့် ရုရှ လိုလားသော သူပုန် အဖွဲ့နှင့် အရေးကြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ယူကရိန်း အစိုးရ၏ သံတမန်ဖြစ်သူ တက်ရောက်မည်ဟု သမ္မတ ပီထရို ပေါ်ရိုရှန်ကိုက ဒီဇင်ဘာ ၆ ရက်က ပြောကြား လိုက်သည်။
ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်မည့် အစည်း အဝေးသို့ ဥရောပ ဒေသ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OSCE နှင့် မော်စကို တို့မှ သံတမန်များလည်း တက်ရောက်မည့် ပဏာမသဘောတူညီ ချက်တစ်ခုကို ရရှိထားသည်ဟု ယူကရိန်း သမ္မတ ကပြောသည်။

ဘီလာရုဇ် နိုင်ငံရှိ ဆွေးနွေး မှုများသည် မူလ မင့်မြို့ သဘောတူညီ ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်မည့် အချိန်ဇယား တစ်ခုကို အတည်ပြုရန် ရည်ရွယ် သည်ဟု ၎င်းက နိုင်ငံ အရှေ့ပိုင်း အစိုးရ ထိန်းချုပ် ထားသည့် ခါကိဗ် ဒေသတွင် စခန်းချ နေသော တပ်ဖွဲ့ဝင် များထံသို့ လာရောက် စစ်ဆေးစဉ်ပြော ကြား ခဲ့သည်။

“ဒီဇင်ဘာ ၉ ရက် ပြီးရင်တော့ ကျွန်တော်တို့ သေနတ် သံတွေ ဆိတ်သုန်းမယ့် နေ့တစ်နေ့ ရှိလာ တော့မှာပါ၊ နောက်ပိုင်း တစ်လလောက် ကျရင်လည်း မင့်မြို့ သဘောတူညီ ချက်ထဲက အတိုင်း နှစ်ဘက် စလုံးက လက်နက်ကြီး တွေကို စစ်ဇုန် ထဲကနေ ပြန်လည် ရုပ်သိမ်း ရမှာပါ” ဟု ၎င်းက ပြောကြားသွား သည်။

ရုရှ နိုင်ငံက ညှိနှိုင်းပေးပြီး စက်တင်ဘာ ၅ ရက်က သူပုန်များနှင့် ယူကရိန်း အစိုးရ သံတမန် တို့အကြား လက်မှတ်ရေး ထိုးထားသော ယင်းအပစ်ရပ် သဘော တူညီချက် အရ နှစ်ဘက် တပ်ဖွဲ့ဝင် များအကြား ၃၀ ကီလိုမီတာ ကြားခံနယ် မြေတစ်ခုကို တည်ထောင် ရန်နှင့် ခွဲထွက်ရေး ၀ါဒီများကို ကန့်သတ် ထားသည့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်တစ်ခုကို ခွင့်ပြု ပေးရန် ဖြစ်သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List