မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကျရင် လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ပြီး ရေရှည် ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ဖြစ်ဖို့ မျှော်မှန်းထားတယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက သြဇာအရှိန်အ၀ါရှိတဲ့ ဒီပလိုမေစီ(Diplomacy) မဂ္ဂဇင်းက မြန်မာနိုင်ငံရဲ့ ၂၀၂၀ မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး ဘူဆန်မြို့မှာ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ သမ္မတက ဖြေကြားသွား တာပါ။
သမ္မတဦးသိန်းစိန်က ၂၀၂၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများအားလုံး အဆုံးသတ်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်ပြီးဖြစ်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ(အယ်လ် ဒီစီ)မှ ရုန်းထွက်ပြီးဖြစ်ရန်၊ မြန်မာနိုင်ငံကို အလယ် အလတ်ဝင်ငွေ ရှိသည့်နိုင်ငံ အဆင့်သို့ ရောက်ရှိစေရန် မျှော်မှန်းထားတယ်လို့ ပြောတဲ့ အကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒီမျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ အခြေခံကောင်း တွေ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း သမ္မတက ပြောပါတယ်။
မြန်မာသမ္မတဟာ အာဆီယံ- ကိုရီးယား ထိပ်သီးအစည်းအဝေးပွဲတက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံ မှာရောက်ရှိနေတာဖြစ်ပြီး တောင်ကိုရီးယား သမ္မတနဲ့လည်း သီးခြားတွေ့ဆုံကာ စိုက်ပျိုးမွေးမြူရေး၊ စက်မှုနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး စတာတွေ ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပဖို့ ဆွေးနွေးခဲ့ကြပါတယ်။
သမ္မတရဲ့ ခရီးစဉ်အတွင်းမှာ တောင်ကိုရီးယား PUKYONG တက္ကသိုလ်က မြန်မာသမ္မတကို ဂုဏ်ထူး ဆောင် ပါရဂူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
DVB
No comments:
Post a Comment