Friday, December 12, 2014

တပ်မတော်(လေ)နေ့ လေကြောင်းစွမ်းရည်ပြပွဲတွင် တိုက်လေယာဉ်သစ်အချို့ ထုတ်ပြဖွယ်ရှိ


ဒီဇင်ဘာ ၁၅ ရက်တွင် ပြုလုပ်မည့် တပ်မတော်(လေ)နေ့ လေကြောင်းစွမ်း ရည်ပြပွဲ၌ မြန်မာ့တပ်မတော်က တိုက်လေယာဉ်သစ်အချို့ ထုတ်ပြဖွယ်ရှိကြောင်း သတင်းရရှိသည်။ (၆၇)နှစ်မြောက် တပ်မ တော်(လေ) နေ့ကို မိတ္ထီလာ လေကြောင်းအတတ်သင် လေတပ်စခန်းတွင် ဒီဇင်ဘာ ၁၅ ရက်၌ ပြုလုပ်မည်ဖြစ်သည်။

ယင်းနေ့တွင် ပြုလုပ်မည့် လေကြောင်းစွမ်းရည်ပြပွဲ၌ အမျိုးအမည်အတိအကျ သတင်းမထုတ်ပြန်နိုင်သေး သည့် တိုက် လေယာဉ်သစ်အချို့ ထုတ်ဖော်ပြ သမည်ဖြစ်ကြောင်း တပ်မတော်(လေ) အရာရှိတစ်ဦးကပြော သည်။

‘‘လေကြောင်းစွမ်းရည်ပြပွဲ မှာ တိုက်လေယာဉ် အများကြီး တော့ ပြမှာမဟုတ်ဘူး။ စစ်ရေးပြလျှောက်မယ်။ ပြီးရင်လေကြောင်း စွမ်းရည်ပြမယ်ပေါ့။ တိုက်လေယာဉ်အသစ်တွေ စွမ်းရည်ပြဖို့ရှိတယ်။ ဘယ်အမျိုးအစား လဲ၊ ဘယ်နှစီးလဲဆိုတာတော့ မသိရသေးဘူး။ တပ်မတော် ကြည်း၊ ရေ၊ လေ အလံတွေချိတ်ဆွဲပြီး ပျံမှာ’’ဟု ပြောသည်။

ယင်းစစ်ရေးပြအခမ်းအနား အတွက် အစမ်းလေ့ကျင့်ခြင်းကို မိတ္ထီလာ လေကြောင်းအတတ်သင် လေတပ် စခန်းတွင် ဒီဇင်ဘာ ၈ ရက်မှ စတင်လေ့ ကျင့်နေပြီဖြစ်ပြီး တပ်မတော်(လေ)နေ့ စစ်ရေးပြအခမ်းအနားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက် ရောက်မည်ဖြစ်သည်။

တပ်မတော်(လေ)နေ့ကို ဒီဇင်ဘာ ၁၅ ရက်အဖြစ် သတ်မှတ်ထားပြီး တပ်မတော် (ရေ)နေ့ကို ဒီဇင်ဘာ ၂၆ ရက်တွင် သတ်မှတ်ထားသည်။


7Day Daily

No comments:

Post a Comment

My Blog List