Friday, December 12, 2014

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုပြုလုပ်မည့် လက္ခဏာ မရှိသေးဟု အမေရိကန် ပညာရှင် အကြံပေးအဖွဲ့ ပြောကြား


ဂြိုလ်တုမှ ဖမ်းယူရရှိသော ပုံရိပ်များအရ မြောက်ကိုရီးယားနိုင်ငံသည် မကြာမီ အချိန်အတွင်း နျူကလီးယား စမ်းသပ်မှု ပြုလုပ်မည့်အခြေ အနေမရှိ သေးကြောင်း အမေရိကန် ပညာရှင် အကြံပေးအဖွဲ့တစ်ခုက ဒီဇင်ဘာ ၁၁ ရက်တွင်ပြော ကြားသည်။

မြောက်ကိုရီးယား နိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများကို ရှုတ်ချထားသော ကုလသမဂ္ဂ ဆုံးဖြတ်ချက် မှုကြမ်းကိုတုံ့ပြန်သော အားဖြင့်မြောက်ကိုရီးယား နိုင်ငံသည် စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ် မှုများကို လုပ်ဆောင်သွားနိုင်ဖွယ်ရှိသည်။

သို့သော်လည်း မကြာသေးမီက ဂြိုလ်တုမှ ဖမ်းယူ ရရှိထားသာ Punggye-ri နျူကလီးယားစမ်း သပ်မှုနေ ရာမှ ဓာတ်ပုံများကို လေ့လာဆန်းစစ်မှုပြုလုပ်ခဲ့ရာ ဖောက်ခွဲမှုများပြုလုပ်ရန်အတွက် ကြိုတင် ပြင်ဆင်ထား သည့် လက္ခဏာကို မတွေ့ရှိရကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရှိ အမေရိကန်-ကိုရီးယား ဌာန က ပြောကြားခဲ့သည်။"မြောက်ကိုရီးယား နိုင်ငံဟာ လာမယ့် နှစ်လမှ သုံးလအတွင်း နျူကလီးယား စမ်းသပ်မှု မလုပ်ဆောင်နိုင်ဖွယ်မရှိပါဘူး"ဟု အမေရိကန်-ကိုရီးယားဌာနက ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထား သည်။

၂၀၁၃ခုနှစ်ဖေဖော်ဝါရီလက နောက်ဆုံးစမ်း သပ်မှုအတွက် ပြင်ဆင်မှုများသည် လပေါင်းများစွာ ကြာမြင့် သည့် ကြိုတင် ပြင်ဆင်မှုဖြစ်ကြောင်း ၀က်ဆိုက်ဘ်တွင် ပြောကြား ထားသည်။ မကြာသေးမီက Pungggye-ri နျူကလီယား စမ်းသပ်မှု နေရာကို ဖမ်ယူရရှိ ထားသော ပုံရိပ်များအရ "ထိန်းသိမ်းမှုများပြု လုပ်တာဖြစ်ပြီး အနာဂတ်အတွက် အရန်သင့်ပြင် ဆင်ထားမှု တစ်ခုသာ ဖြစ်ပါတယ်"ဟု အမေရိကန် - ကိုရီးယားဌာန ကပြောကြားသည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List