Wednesday, December 10, 2014

နေမကောင်းသော ထိုင်းဘုရင်နှင့် လူကြိုက်နည်းသော အိမ်ရှေ့မင်းသား




ဒီဇင်ဘာ ၅ ရက်တွင် တိုင်း ပြည်သို့ မိန့်ခွန်း ပုံမှန်ပြောကြား နေသည့် ထိုင်းဘုရင် ဘူမိဘော က ကျန်းမာရေးအခြေအနေ ကြောင့် မိန့်ခွန်းပြောကြားရန် ပျက်ကွက်ခဲ့ပါသည်။ 



ထို့ကြောင့် စစ်အာဏာ သိမ်းထားသည့် ထိုင်းနိုင်ငံမှာ ထိုင်းဘုရင် မျိုး ဆက်၏ အနာဂတ်နှင့်ပတ်သက် ပြီး မေးခွန်းထုတ်စရာ များ ဖြစ်လာ ရပါပြီ။ ကမ္ဘာမှာ သက်တမ်း အ ရှည်ဆုံးမင်းဆက်ဖြစ် သည့် ထိုင်း ဘုရင်သည် ဘုရင်အဖြစ် နန်းစံ နေသည်မှာ ၆၈ နှစ် သက်တမ်း ရှိပြီဖြစ်၏။ အင်္ဂလန် ဘုရင်မကြီး အဲလိဇဘက် -၂ ထက်ပင် သူက နန်းသက်ငါးနှစ် ပိုကြာပါသည်။

သို့သော်လည်း ထိုင်းဘုရင် သည် ကျောရိုးအလုပ်မလုပ်နိုင် သလို သည်းခြေပြွန် ကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလက ထုတ်ထားရ၏။ သြစတြေးလျရှိ ဆေးရုံတစ်ခုတွင်လည်း ၂၀၀၉ ကနေ ၂၀၁၃ အထိ လေးနှစ်ကြာ အောင် တက်ရောက်ကု သခဲ့ရသူ ဖြစ်သည်။

သူ၏အရိုက်အရာကို ဆက် ခံရန်ရှိသည့် အကြီးဆုံးသားတော် အိမ်ရှေ့မင်းသား ဗာဂျီရာလောင် ကွန်မှာ လူကြိုက်နည်းသ ကဲ့သို့ ထိုင်းနိုင်ငံတွင် မတည်ငြိမ်မှုများ ထပ်မံဖြစ်လာနိုင်စေသူလည်း ဖြစ် ပါသည်။

‘‘ဘုရင်ကြီးသာ ကွယ်လွန် ခဲ့ရင် တိုင်းပြည်အတွက် ကြေကွဲ ၀မ်းနည်းစရာဖြစ် သလို နိုင်ငံရေး အတွက်လည်း မကောင်းပါ ဘူး။ ဘုရင်ကွယ်လွန်ပေမယ့် ဘုရင် စနစ်ကတော့ ဆက်သွားမှာပဲ။ ဒါ ပေမဲ့ သူ့ကို ဆက်ခံမယ့် မင်းသား ဗာဂျီရာ လောင် ကွန်က ဘုရင်ဘူမိ ဘောလိုတော့ လူတွေရဲ့ လေးစား ကြည်ညိုမှုကို ရမှာမဟုတ်ဘူး’’ ဟု အမေရိကန်နိုင်ငံ ဆီယက် တဲလ်မြို့ရှိ အာရှသုတေသနဌာန လက်ထောက်ညွှန်ကြားရေးမှူး ရတ်ချယ်လ်ဝက်ဂါလေက ပြော ကြားပါသည်။

မင်းသား ဗာဂျီရာလောင် ကွန်က စည်းစိမ်နှင့် အပျော်အပါး ကြိုက်သူ၊ မိန်းမလိုက် စားသူအဖြစ် နာမည်ကြီးသူဖြစ်သည်။ မိဖုရားသုံးဦးကို လက်ထပ်ခဲ့သည်။ မွေး ထားသော ပူဒယ်ခွေး၏မွေးနေ့ ပွဲကို တခမ်းတနားကျင်းပသည့် ဗီဒီယိုခွေကို နိုင်ငံခြားရုပ်သံများ မှာ ထုတ်လွှင့်ခွင့် ပေးခဲ့သူဖြစ် သည်။ မကြာသေးမီက သူ့လက် ရှိဇနီးမိသားစုနှင့် ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူ သတင်းများ လည်း ထွက်ခဲ့သေးသည်။ သူ သည် ပြည်သူလူထုနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းများ၏ ထောက်ခံ မှုကို မရရှိသူလည်းဖြစ်သည်။

ထိုင်းတွင် သူ့ထက် ပြည်သူနှစ်ခြိုက်သော ညီမဖြစ်သူ မင်း သမီး သီရိဒုံ ထီးနန်း ဆက်ခံရန် မှာ ထိုင်းယဉ်ကျေးမှု အစဉ်အလာနှင့် ဆန့်ကျင်နေသည့်အတွက် ဖြစ် လာနိုင်ခြေမရှိဟု နားလည် ကျွမ်း ကျင်သူများက ပြောကြသည်။ ထို့ပြင် ထိုင်းမင်းဆက်၏ အနာ ဂတ်သည် ဒီမိုကရေစီအစိုးရကို ပြီးခဲ့သည့် မေလက စစ်အာဏာ သိမ်းခဲ့သည့် စစ်တပ်ကြောင့် လည်း ပိုမိုရှုပ်ထွေးစေသည်။

စစ်အာဏာသိမ်းမှု ၁၂ ကြိမ် ရှိခဲ့သည့် ထိုင်းနိုင်ငံတွင် စစ်အာ ဏာသိမ်းတိုင်း ထိုင်းဘုရင်က တ ရားဝင်ဖြစ်ရေး (သို့မဟုတ်) ဖြုတ် ချပြီးတိုင်းပြည်အခြေအနေ မဆိုး မီ ၀င်ရောက်ထိန်းသိမ်းရေးတို့ ပြုလုပ်ပေးလေ့ရှိခဲ့ပါသည်။

သို့သော် အိမ်ရှေ့မင်းသား ဗာဂျီရာလောင်ကွန်သည် ဖခင် ထိုင်းဘုရင်ကဲ့သို့ ပြည်သူလူထု ထောက်ခံမှုကို မရသဖြင့် ထိုင်း နိုင်ငံကို တည်ငြိမ်အောင် ထိန်း နိုင်မည်မဟုတ်သည်ကို အများစု က စိတ်ပူကြသည်။ ထို့ပြင် သူ့ ကြောင့် ထိုင်းမင်းဆက်၏ အခန်း ကဏ္ဍ ပျောက်ကွယ်သွားနိုင်သ ကဲ့သို့ နိုင်ငံရေးကိုလည်း ပိုဆိုးစေ နိုင်သည်။ လက်ရှိ ထိုင်းစစ်တပ် အစိုးရနှင့်လည်း မင်းသားက အ ဆင်မပြေချေ။ အဘယ်ကြောင့်ဆို သော် သူသည် ပြည်ပြေး ၀န် ကြီးချုပ် သက်ဆင်ရှင်နာဝပ်နှင့် နီးစပ်သည်။

‘‘လာမယ့် နှစ်လေးငါးဆယ် မှာ ဘုရင်နေရာမှာ ဆက်ခံမယ့် သူက လူထုထောက်ခံမှု မရခဲ့ရင် ထိုင်းမင်းဆက်ရဲ့ အာဏာ အရှိန် အ၀ါနဲ့ လူထုရဲ့ ကြည်ညိုလေး စားမှုက ကွယ်ပျောက်သွားနိုင် တယ်။ အိမ်ရှေ့မင်းသား ဗာဂျီ ယာလောင်ကွန်က လည်း သူ့အ ဖေအရိုက်အရာကို ဆက်ခံလိမ့် မယ်။ ဒါပေမဲ့ သူက လူထုကြား မှာရော နိုင်ငံရေးအသိုင်းအ၀ိုင်း မှာပါ နာမည်အတော်ပျက်နေ တာ’’

ထိုင်းပြည်သူတွေကတော့ လစဉ်ဘုရင်၏ မွေးနေ့ဖြစ်သော ၅ ရက်ရောက်တိုင်း ဘုရင်အ တွက် ဆုတောင်းကြမြဲဖြစ်ပါ သည်။ အသက် (၆၀) အရွယ်ရှိ ထိုင်းအမျိုးသမီး နုရတ်ဒက်စ်ဆို ဖာက ထိုင်းဘုရင်၏ ကျန်းမာရေး အခြေအနေ ဆိုးရွား လာသော် လည်း သူတို့အားလုံးက ဘုရင် ကျန်းမာရေး ကောင်းလာဖို့ မျှော် လင့် ဆုတောင်းနေတုန်းပဲဟု ဆို ပါသည်။

7Day News Journal

No comments:

Post a Comment

My Blog List