Monday, December 08, 2014

လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံမြန်မာ ၂ ဦးကို ခရိုင်တရားရုံးတွင် စတင်စစ်ဆေးမည်


ထိုင်းနိုင်ငံလိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ မြန်မာလူငယ် ကိုဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကော့စမွီခရိုင်တရား ရုံးမှာ စတင်စစ်ဆေး မှာ ဖြစ်ပါတယ်။

ထိုင်း ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပြီး အမှုပေါင်း ၇ မှုနဲ့ ဒီဇင်ဘာ ၄ ရက်နေ့က တရားရုံး တင်လိုက်တာ ဖြစ် ပါတယ်။ တရားခံ လူငယ် ၂ ဦးအနေနဲ့ ပြင်ပကနေ အမှုရင်ဆိုင်နိုင်ဖို့ အာမခံလျှောက်ထားရေး မြန်မာသံရုံး နဲ့ တိုင်ပင်နေတယ်လို့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရမှုအပေါ် တာဝန်ရှိ သူတွေရဲ့ အမှုစစ်ဆေးချက် ကို ယုံကြည်တယ်လို့ ကျန်ရစ်သူ မိသားစုတွေက ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီအမှုမှာ မြန်မာအလုပ် သမားလူငယ် ၂ ဦးကို ထိုင်းရဲက တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခဲ့ပေမယ့် လူမှုကွန်ရက်အများစုက မယုံကြည် ကြသလို အမှုတွဲ ခိုင်လုံအောင် ၂ လ နီးပါး ပြန်လည် ဖြည့်စွက်ခဲ့ရတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List