Friday, December 12, 2014

ယခင် ရန်သူဟောင်းများဖြင့် အပတ်စဉ် တွေ့ဆုံဆွေးနွေးသည်မှာ မြန်မာနိုင်ငံအတွက် သတင်းကောင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြော


မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ ထိန်းချုပ်နိုင်ရေးအတွက် အကူအညီ ပေးရန် ဩစတြေးလျနှင့် မြန်မာနိုင်ငံ တို့ကြား နားလည်မှု စာချွန်လွှာတစ်စောင်ကို နိုဝင်ဘာလ က လက်မှတ်ရေးထိုးခဲ့ကြသည်။ နိုဝင်ဘာလက ဘရစ္စဘိန်း၌ ကျင်းပခဲ့သည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတွင် ဩစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး စကော့မော်ရစ်ဆင်က ဩစတြေးလျ ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒမှာ ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးဖြစ် သည်ဟု ပြောကြားခဲ့သည်။ 

ဩစ တြေးလျ၏ နယ်ခြားကာကွယ်မူဝါဒအား ဝေဖန်နေသည့် အဖွဲ့အစည်းများရှိနေရာ ဩစတြေးလျ လူဝင်မှုကြီးကြပ်ရေး မူဝါဒမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများထက် ပိုမိုအောင်မြင်သည်ဟု မော်ရစ်ဆင် က ဆိုသည်။

ဩစတြေးလျသည် ကမ္ဘာပေါ်တွင် ရွှေ့ပြောင်းနေထိုင်သူ အများဆုံးရှိရာ နိုင်ငံ တစ်ခုဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်က ဩစတြေးလျ နိုင်ငံသား ထက်ဝက် သည် နိုင်ငံခြားတွင် မွေးဖွားခဲ့သူ (သို့) နိုင်ငံခြားတွင် မွေးဖွားသူ၏ သားသမီးဖြစ်သည်။ ဩစတြေးလျသို့ ပြောင်းရွှေ့ နေထိုင်သူများမှာ ကမ္ဘာ အနှံ့မှဖြစ် သည်။ ဩစတြေးလျသို့ လှေဖြင့် တရားမဝင် ဝင်ရောက်လာသူများ အား တားဆီးနိုင်ခဲ့ခြင်းမှာ လက်ရှိဝန်ကြီးချုပ် တိုနီအဘော့ အစိုးရ၏ အကြီးမားဆုံးအောင်မြင်မှုဖြစ်သည်ဟု မော်ရစ်ဆင် က ဆိုသည်။ 

မြန်မာနိုင်ငံ၏ နယ်စပ်များအား စီမံခန့်ခွဲရာတွင် ဩစတြေးလျက အဆင့်မြင့် အထောက်အကူများ ရေရှည် ပေးအပ်သွားရန် နားလည်မှုစာချွန်လွှာ ကို မြန်မာနိုင်ငံ လူဝန်မှုကြီးကြပ် ရေးဝန်ကြီး ဦးခင်ရီနှင့် မစ္စတာမော်ရစ်ဆင် တို့ သဘောတူလက်မှတ်ရေး ထိုးခဲ့ကြခြင် ဖြစ်သည်ဟု ဆိုသည်။ 

ဩစတြေးလျက ထိုကဲ့သို့ အကူအညီများအား ကမ္ဘောဒီး ယားနှင့် အင်ဒိုနီးရှား သို့ ပေးအပ်ခဲ့ ပြီးဖြစ်သည်။ ထိုအကူအညီမှာ လူမှောင်ခိုကူးခြင်းနှင့် မူးယစ်ဆေးနှင့် လက်နက်မှောင်ခိုခြင်းကဲ့သို့ အာရှပစိဖိတ် ဒေသ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် ရာဇဝတ်မှုများကို ဦးတည်သည်ဟု ဆိုသည်

မော်ရစ်ဆင်က "ဒေသတွင်းက နယ်စပ် တွေ ခိုင်မာရင် ဩစတြေးလျရဲ့ နယ်စပ်လည်း ပိုမိုခိုင်မာလာမှာပါ" ဟု ပြောကြားခဲ့သည်။ 

ကမ္ဘောဒီးယားသို့ ပေးအပ်ခဲ့သည့် အကူအညီတွင် ခရီးသွားခွင့်မပြုသင့်သည့် ရာဇဝတ် ကောင်များစာရင်း အား သတိပေးနိုင် မည့် ကွန်ပျူတာစနစ်ပါဝင်သည်။ ကမ္ဘောဒီးယားတွင် ထိုစာရင်းမျိုး ယခင်ကတည်းက ရှိသော်လည်း စာရွက်များ အသုံးပြုဆောင်ရွက်ရသဖြင့် ထိရောက်မှုမရှိခဲ့ကြောင်း မော်ရစ်ဆင်က ဆိုသည်။

မော်ရစ်ဆင်က “မြန်မာနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးလာနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ရာဇဝတ်ကောင်တွေက စီး ပွားရေးသမားတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ နဲ့ လေယာဉ်တစ်စီးတည်း၊ သင်္ဘောတစ်စီးတည်း အသုံးပြု ခရီး သွားနိုင်ပါ တယ်” ဟု ပြောကြားခဲ့သည်။

ဒေသတွင်း စံပြုနိုင်ငံမှာ စင် ကာပူဖြစ်ပြီး စင်ကာပူအား ဖြတ်ကျော် ဝင်ရောက်လာသူ အနည်းငယ်သာရှိ သည်ဟုဆိုသည်။ မြန်မာနိုင်ငံမှာ စိတ်ကြွဆေးနှင့် အခြားမူးယစ် ဆေးများအတွက် အဓိကနေရာဖြစ် လာသဖြင့် အဓိက စိုးရိမ် စရာဖြစ်လာ သည်ဟု မော်ရစ်ဆင်ကဆိုသည်။ ယခု သဘောတူညီချက် က မြန်မာအစိုးရအား ကိုယ်ပိုင်မူ ဝါဒများ ချမှတ်သွားနိုင်ရန် ကူညီသွားမည်ဟု ဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် ဒုက္ခသည်၊ တိုင်းပြည်မှ တိမ်းရှောင်နေသူနှင့် လူမျိုးစု များနှင့်ပတ်သက်သည့် ပြဿနာများရှိနေသည်။ သိန်းနှင့်ချီသည့် နိုင်ငံသားများမှာ အိမ်နီးချင်း နိုင်ငံများတွင် နေထိုင်နေရပြီး ထိုင်း နှင့် မလေးရှားတွင် အများစု ရှိနေ သည်။

ဦးခင်ရီက “မြန်မာနိုင်ငံက လူတွေထွက်ခွာသွားရတဲ့အကြောင်း ရင်း နှစ်ခု ရှိပါတယ်။ ပဋိပက္ခတွေကြောင့်နဲ့ အလုပ်အကိုင်အတွက်နှင့် ကျွန်တော်တို့ဟာ တိုင်းရင်းသားလူ နည်းစုတွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုး စား
ဆောင်ရွက်နေပြီး ၁၆ ဖွဲ့အနက် ၁၄ ဖွဲ့နဲ့ သဘောတူလက်မှတ်ထိုး ထားပါတယ်။ ကျန် ၂ ဖွဲ့နဲ့လည်း မကြာမီ လက်မှတ်ရေးထိုးနိုင်မှာပါ” ဟု ပြောကြားခဲ့သည်။

ပြည့်စုံမှုမရှိသော်လည်း ရှေ့ဆက်သွားနေသည့် ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များက လူတွေ ဒီနိုင်ငံက ထွက်သွားဖို့ မလိုတော့ ဘူးလို့ ခံစားလာ ရတဲ့ အထိ ပြုပြင် ပြောင်းလဲမှု အများကြီးလုပ်ခဲ့တဲ့ အပြင် နိုင်ငံခြား ရောက်နေ သူတွေအနေနဲ့ ပြန်လာဖို့ အခွင့်အလမ်းရှိနေပြီလို့ ခံ စားမိစေမှာပါ ဟု ဦးခင်ရီ က ဆို သည်။

ထိုင်းရှိ မြန်မာ ၃ သန်းနှင့် မလေးရှား သို့ မြန်မာ ၂၀၀,၀၀၀ အနက် အများစု မှာ တရားဝင်စာရွက်စာတမ်း များမရှိဘဲ လူကုန်ကူးသူများနှင့် ရာဇဝတ်သားများ ၏ အသုံးချမှုခံနေရ သည်ဟုဆိုသည်။ထိုနိုင်ငံများရှိမြန် မာနိုင်ငံသားများ အား မြန်မာသံရုံးက ပတ်စ်ပို့ထုတ်ပေးကာ သက်ဆိုင်ရာ နိုင်ငံက အလုပ် လုပ်ခွင့် ပါမစ် ထုတ် ပေးခြင်းဖြင့် တရားဝင်အလုပ်လုပ်ခွင့် ရရှိစေရန် မြန်မာအစိုးရက ဆွေးနွေး လျက်ရှိသည်ဟု ၀န်ကြီး ဦးခင်ရီက ဆိုသည်။

နိုင်ငံခြားသို့ရောက်ရှိကာ နိုင်ငံခြားသားခံယူထားသူ မြန်မာများအတွက်လည်း မြန်မာနိုင်ငံသို့ ပြန်လာ လိုပါက အမြဲတမ်းနေထိုင်ခွင့် ဗီဇာ ပေးမည့် စနစ်တစ်ခုကို ပြုလုပ်ထားသည်။ ထိုသူများအနေဖြင့် နိုင်ငံခြား ပတ်စ်ပို့စ် ကိုင်ဆောင်ထားလျက် မြန် မာနိုင်ငံတွင် နေထိုင်အလုပ်လုပ်ခွင့် ရရှိ မည်ဖြစ်သည်။ မြန်မာနိုင်ငံအ တွက် အထိမခံသည့် ပြဿနာမှာ ဘင်္ဂါလီပြဿနာဖြစ်သည်။ 

မြန်မာနိုင်ငံသည် ဗီဇာရရှိရန် လွယ်ကူမှု အဆင့်မှ ဝေးကွာနေသေးသော်လည်း စီးပွားရေးသမားများ အတွက် ဆိုက်ရောက်ဗီဇာနှင့် ခရီးသွားများအတွက် အီး-ဗီဇာ စနစ်များ အသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့သည်။ စက်တင်ဘာတွင် စတင်မိတ်ဆက်ခဲ့သည့် အီး-ဗီဇာစနစ်အား အသုံးပြု သူ ၇၀,၀၀၀ ခန့် ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင် ပြောင်းလဲမှုများအား ငြိမ်းချမ်းစွာ ဆောင် ရွက်နိုင်ရန်မှာ အကျိုးအမြတ် များအား တိုင်းရင်းသားလူမျိုးစုများ အားလုံး ခံစားနိုင် မှသာ အကောင် အထည်ဖော်နိုင်မည်ဖြစ်သည်။

မြန် မာအစိုးရတွင် အရေးပါသူတစ်ဦးဖြစ် သည့် ယခင် န.အ.ဖ လက်ထက်မှ ဗိုလ်မှုးချုပ် တစ်ဝတ်လဲ ရဲချုပ်ဟောင်း ဦးတင်ရီက စစ်တပ်တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီး ကရင်လက်နက်ကိုင်များနှင့် တိုက်ခိုက်ခဲ့ ရသူဖြစ်သည်။ တိုက်ပွဲတစ်ခုတွင် ကျည်ဆံမှန်သည့် ဒဏ်ရာ ၁၇ ခုရ ခဲ့ပြီး ဆေးရုံတွင် ၄ လ ခွဲကြာနေခဲ့ရ သည်ဟု ဦးခင်ရီ က ဆိုသည်။ ထို တိုက်ပွဲတွင် ကရင် တပ်ဖွဲ့ အား ခေါင်းဆောင်သူမှာ လက်ရှိ ကရင်ခေါင်း ဆောင် တစ်ဦးဖြစ်နေပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန်နှင့် လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်များအတွက် ပူး ပေါင်း ဆောင်ရွက်နေသူဖြစ်သည် ဦးခင်ရီက မော်ရစ်စင်သို့ ပြောကြားခဲ့သည်။

ယခင် ရန်သူဟောင်း နှစ်ဦးမှာ ယခုအခါ တစ်ပတ်လျှင် တစ်ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေးပြီး ညီရင်းအစ်ကို သဖွယ် ဖြစ်နေသည်က မြန်မာနိုင်ငံအတွက် နှစ်ပေါင်းများစွာအတွင်း သတင်းကောင်းများပင် ဖြစ်သည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။

အရှေ့ တောင်အာရှဒေသတွင်း ပြဿနာအစစ်အမှန်များကို ဖြေရှင်းရာတွင် ဩစတြေးလျသည် သေးငယ်သော် လည်း အသုံးဝင်သည့် ကဏ္ဍမှ ပါဝင်ရန် မော်ရစ်စင်က ကတိပြု စကားပြောကြားခဲ့သည်။

KHTun
Ref - The Australian
Baby steps as Myanmar seeks help on ethnic integration
The Ladies News Journal

No comments:

Post a Comment

My Blog List