Friday, December 12, 2014

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော ကိုရီးယားကုမ္ပဏီများသည် လျှပ်စစ်မီး မလုံလောက်မှု၊ မြေယာငှားရမ်းခ ကြီးမြင့်မှုနှင့်အတူ အခြားအခက်အခဲများ ရင်ဆိုင်နေရကြောင်း သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ ဆုံစဉ် တောင်ကိုရီးယားသမ္မတ ပြောကြား



ဒီဇင်ဘာ ၁၁ ရက်က တောင်ကိုရီးယားနိုင်ငံ၌ စတင်ကျင်းပသော ASEAN-Re-public of Korea Commemorative Sum-mit တွင် သမ္မတ ဦးသိန်စိန်နှင့် သီးခြားတွေ့ဆုံစဉ် တောင်ကိုရီးယား သမ္မတ ပက်ကွမ်ဟီးက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေသော တောင်ကိုရီးယားကုမ္ပဏီများအနေဖြင့် လျှပ်စစ်မီးလုံလောက်စွာ မရရှိ ခြင်း၊ လုပ်ငန်းမြေနေရာ ငှားရမ်းမှုဈေးကြီးခြင်း၊ ကိုရီးယားငွေကြေးအဖွဲ့ အစည်းများကို မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ခွင့်မပေးသေးသောကြောင့် ငွေကြေးလွှဲပြောင်းမှု ခက်ခဲခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့ကြောင်း Korean Herald သတင်းစာတွင် ဖော်ပြထားသည်။

ဆက်လက်၍ သမ္မတ ပက်ကွမ်ဟီးက မြန်မာအစိုးရအနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုအဆင်ပြေစေရန် အဆိုပါအခက်အခဲများကိုဖြေရှင်းရန်လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရေး၊ စွမ်းအင်နှင့် သဘာဝသယံဇာတကဏ္ဍ များအပြင် ဆိပ်ကမ်းများနှင့် အခြားအခြေခံအဆောက်အအုံများ တည်ဆောက်ရေးကိုပါ ဆွေးနွေးခဲ့ကြ သည်။

မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် တွင်းထွက်သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ဆိပ်ကမ်းဆောက်လုပ် မှုများနှင့် အခြားသော အခြေခံအဆောက်အအုံများ ဆောက်လုပ်မှုများတွင် တောင်ကိုရီးယားကုမ္ပဏီများ၏ ပါဝင်မှုကို သမ္မတ ဦးသိန်းစိန်မှ ကူညီပံ့ပိုးပေးရန်လည်း တောင်းဆိုခဲ့သည်။

ထိုကဲ့သို့ လုပ်ငန်းစဉ်များတွင် တောင်ကိုရီးယားကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အတွေ့အကြုံနှင့် ကျွမ်းကျင် မှုများကို ဝေမျှ နိုင်ကြောင်း သမ္မတပက်ကွမ်ဟီးက ဆက်လက်ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍတွင် တောင်ကိုရီးယား ကုမ္ပဏီများ၏ ပါဝင်မှုကို ကျေးဇူးတင်ရှိကြောင်း၊ တောင်ကိုရီးယားနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်လုပ်ကိုင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် သမ္မတ ပက်ကွမ်ဟီးက ကိုရီးယားကျွန်းဆွယ်တွင် အဏုမြူလက်နက် ဖျက်သိမ်းရေးအတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပွင့်လင်းလာမှုများကို ဥပမာယူသင့်ကြောင်း ပြောကြားခဲ့သည်။

ASEAN- Republic of Korea Com-memorative Summit ကို တောင်ကိုရီး ယားနိုင်ငံ ဘူဆန်မြို့၌ ဒီဇင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိ ကျင်းပလျက်ရှိပြီး အာဆီယံနှင့် တောင်ကိုရီးယားနိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးနှင့် ပိုမိုရင်းနှီးသည့် ဆက်ဆံမှုထူထောင်နိုင်ရေးအတွက် အဓိကထားဆွေးနွေးကြမည်ဖြစ် သည်။

လက်ရှိတွင် အာဆီယံသည် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးကုန် သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံမှု တတိယအများဆုံးရှိသောဒေသဖြစ်သည်။ တောင်ကို ရီးယားနိုင်ငံနှင့် အာဆီယံ၏ ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၁၃၅ ဘီလျံကျော်ရှိခဲ့ပြီး ၂ဝ၂ဝ ခုနှစ်တွင် ဒေါ်လာ ၂ဝဝ ဘီလျံအထိ တိုးမြှင့်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List