အမေရိကန်နိုင်ငံမှာ ဗဟိုထောက်လှမ်းရေး CIA အဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုတွေဟာ ထင်ထားတာထက် ရက်စက်မှုတွေ များပြားကြောင်း အစီရင်ခံစာ တစ်ခုမှာ ဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံ ပင်တာဂွန် စစ်ဌာနချုပ်ရှိရာ အမွှာတိုက်မြင့် နှစ်လုံးကို အကြမ်းဖက်သမားတွေက ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တုန်းက လေယာဉ် နှစ်စင်းနဲ့ ဝင်တိုက်ပြီးတဲ့နောက် စီအိုင်အေက အကြမ်းဖက်မှုနဲ့ သံသယရှိသူ တွေအပေါ် ရက်စက်စွာ စစ်ဆေးမေးမြန်းမှု လုပ်လာတာလို့ ဆိုပါတယ်။
စီအိုင်အေရဲ့ ရက်စက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်မှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပေမယ့် လွှတ်တော်အမတ်တွေ အမှန်တရား မသိခဲ့ရဘူးလို့ စာမျက်နှာပေါင်း ၆၀၀ ပါတဲ့ ထောက်လှမ်းရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်သမားလို့ ယူဆရသူတွေကို စီအိုင်အေက စစ်ဆေးတဲ့အခါ မျက်နှာအုပ်ထားတုန်း ရေနဲ့လောင်း တာတွေ၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ ကောင်းကောင်း မအိပ်ရအောင် လုပ်တာတွေအပြင် ဘာမှ မမြင်ရအောင် အမှောင်ခန်းထဲ ပိတ်ပင်ထားတဲ့ လူမဆန်တဲ့ နည်းတွေ အသုံးပြုခဲ့တယ်လို့ ကော်မတီက တွေ့ရှိတာ ဖြစ်ပါတယ်။
အဲဒီလို နည်းတွေ အသုံးပြုပေမယ့် ထိရောက်မှု မရှိသလို အကြမ်းဖက် အစီအစဉ်တွေကို တားဆီးနိုင်ခြင်း လည်း မရှိခဲ့ဘူးလို့ ထောက်ပြထားပါတယ်။
စီအိုင်အေက လွှတ်တော်ကိုသာမက အများပြည်သူကိုပါ တောက်လျှောက် လိမ်ညာခဲ့တယ်လို့ ဆိုပါတယ်။
စီအိုင်အေက အသုံးပြုတဲ့ တချို့ စစ်ဆေးမေးမြန်းမှု နည်းလမ်းဟာ ရက်စက်ရာ ရောက်တယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် အကျဉ်းသားကို အမှောင်ထုထဲ ထားပြီးတော့ ကျယ်လောင်တဲ့ သီချင်းတွေကို မရပ်မနားဖွင့် တာတွေ၊ အိမ်သာမထားပေးပဲ ရေပုံးထဲမှာ အလေးအပေါ့ သွားစေတာတွေ၊ နာရီပေါင်း ၁၈၀ အထိ အိပ်ရေးပျက်အောင် လုပ်ဆောင်တာမျိုးတွေအပြင် ကိုယ်လုံးတီးအလိုက် ချည်နှောင်ထားတာမျိုးတွေပါ ပါဝင်တယ်လို့ ပါရှိပါတယ်။
အမေရိကန်သမ္မတ အိုဘားမားကလည်း စီအိုင်အေရဲ့ လုပ်ရပ်ဟာ ညှင်းပမ်းနှိပ်စက်ရာရောက်ပြီး ဒီနည်း လမ်းတွေက ကမ္ဘာအလယ်မှာ အမေရိကန်ကို မျက်နှာပျက်စေတယ်လို့ ဝေဖန်လိုက်ပါတယ်။
သမ္မတ အိုဘားမားဟာ အဲဒီ မတိုင်ခင်ကတည်းက စီအိုင်အေကို ဝေဖန်မှုလုပ်ခဲ့သလို သူသမ္မတ ဖြစ်လာတဲ့ ၂၀၀၉ ခုနှစ်မှာပဲ စီအိုင်အေရဲ့ စစ်ဆေးမေးမြန်းမှု အစီအစဉ်ကို ရပ်ဆိုင်းစေခဲ့ပါတယ်။
ABC
No comments:
Post a Comment