Monday, December 08, 2014

မက္ကဆီကို ပျောက်ဆုံး ကျောင်းသား ၄၃ ဦးအနက်မှ တစ်ဦး၏ အရိုးကို ဒီအင်န်အေ ဖော်ထုတ်နိုင်ခဲ့



အမှိုက်များ မြေဖို့ရာ နေရာတစ်ခုတွင် တွေ့ရှိရသော မီးလောင် ကျွမ်းခြင်း ခံထား ရသည့် ရုပ်အလောင်း ရုပ်ကြွင်းများအားမှု ခင်းဆေး ပညာကျွမ်းကျင်သူများက စမ်းသပ် စစ်ဆေးခဲ့ရာ ပျောက်ဆုံး ကျောင်းသား ၄၃ ဦးထဲမှ တစ်ဦးဖြစ်ကြောင်း ဖော် ထုတ်နိုင်ခဲ့သည်ဟု မက္ကဆီကို အာဏာပိုင်များက ဒီဇင်ဘာလ ၆ ရက်နေ့က ဆိုခဲ့ကြသည်။ မက္ကဆီကို အစိုးရအား ရက်သတ္တပတ်ပေါင်း များစွာအကျပ်တွေ့ စေခဲ့သော အမှု၏ အဖြေတစ် စိတ် တစ်ပိုင်း ကို တွေ့ရှိခြင်း လည်း ဖြစ်သည်။
ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် မီးလောင်ကျွမ်းခံထားရသော ရုပ်ကြွင်းများကို စစ်ဆေးစမ်းသပ်ရန်အတွက် ဗဟိုအစိုးရ အာဏာ ပိုင်များက ပြီးခဲ့သည့်လအ တွင်းက သြစတြေးလျ ဆေးတက္ကသိုလ် တစ်ခုသို့ ပို့ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ မက္ကဆီကို တောင်ပိုင်း ဂရယ်ရို ပြည်နယ်ရှိ အမှိုက်ပုံကြီး တစ်ခု နှင့် မြစ်တစ်ခုတွင် လူသေများ၏ ရုပ်ကြွင်းများ တွေ့ခဲ့ ရခြင်း ဖြစ်သည်။ ထိုအရိုးနှင့် သက်ဆိုင်သော ကျောင်းသားမှာ အလက်ဇန္ဒားမိုရာ ဖြစ်ကြောင်း ပျောက်ဆုံးကျောင်းသား မိသားစုများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ဆိုသည်။

ပျောက်ဆုံးကျောင်းသား ၄၃ ဦးလုံး အသတ်ခံ ခဲ့ရခြင်း ဖြစ်ကြောင်း အတည်ပြုနိုင်မည် ဆိုပါက ထိုအမှုမှာ မက္ကဆီကိုနိုင်ငံ မူးယစ်ဂိုဏ်း ရာဇဝတ်မှုများအနက် အဆိုးဝါး ဆုံးသော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အနက်မှ တစ်ခုဖြစ်လာပေ မည်။ မက္ကဆီကိုတွင် မူးယစ်ဆေး ဝါးဆိုင်ရာ စစ်ပွဲကြောင့် ၂၀၀၆ ခုနှစ်မှ စတင်ရေတွက်လျှင် လူပေါင်း ၈၀,၀၀၀ ကျော် သေဆုံးခဲ့ ရပြီဖြစ်ကာ အခြားလူပေါင်း ၂၂,၀၀၀ ခန့်မှာ ပျောက်ဆုံး လျက်ရှိသည်။

ကျောင်းသားများ ပျောက်ဆုံး မှုကြောင့် နိုင်ငံတကာ ဝေဖန်မှုများ ထွက်ပေါ် လာခဲ့ကာ မက္ကဆီကို နိုင်ငံတွင် အဂတိ လိုက် စားမှု ပြဿနာ ကြီးကြီး မားမားရှိနေ ကြောင်းထင်ရှား လာခဲ့သည်။ သမ္မတ အန်ရီကေး ပန်ညာ နီယက်တို ၏ အာမခံပြောကြား ချက် တစ်ခုဖြစ်သည့် သူ၏ လုံခြုံရေး မူဝါဒ အောင်မြင်ကာ အသီးအ ပွင့်များ ထွက်ပေါ် လာပြီ ဆိုသောအ ချက်မှာလည်း အရာမထင် တော့ပေ။

အစ်ဂွါလာ မြို့တွင် စက်တင်ဘာလ ၂၆ ရက်နေ့က ဆရာအတတ်သင် ကောလိပ်တစ်ခုမှ ကျောင်းသားများ စီးလာသော ဘတ်စ်ကားကို ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွယ်ပတ်သတ်နေသော ရဲများက တိုက်ခိုက်ခဲ့ပြီးနောက် ထိုကျောင်း သားများ ပျောက်ဆုံးသွားခဲ့ကြခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ဆိုကြသည်။

အကြမ်း ဖက်မှုများ ဖြစ်ပေါ်ကာ လူခြောက်ဦး သေဆုံးသွားခဲ့ရသော ထိုညတွင် မြို့တော်ဝန် နှင့် သူ့ဇနီးတို့၏ အမိန့်အရ ကျောင်းသား များအား ရဲများကဖမ်း ဆီးခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲချက် များလည်း ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ရဲများသည် ဖမ်းဆီးထားသော ကျောင်းသား ၄၃ ဦးအား မူးယစ်ဂိုဏ်း အဖွဲ့ ဝင်များထံ လွှဲပြောင်းပေး အပ်ခဲ့သည်။

ရာဇဝတ် ဂိုဏ်းသား များအား အစိုးရက စစ်ဆေးမေး မြန်းခဲ့ရာတွင် ၄င်းတို့သည် ကျောင်းသား များအား အမှိုက်များ မြေဖို့ရာ နေရာ တစ်ခုသို့ ထရပ်ကား နှစ် စီး ဖြင့် ခေါ်ဆောင် သွားခဲ့ကာ ထိုကျောင်း သားများကို သတ်ဖြတ်၍ အလောင်း များကို မီးရှို့ကာရုပ်ကြွင်း များကို မြစ်တစ် ခုထဲသို့ ပစ်ခဲ့ကြကြောင်း ဝန်ခံထွက် ဆိုခဲ့ကြသည်။

ဒီဇင်ဘာ၆ ရက်ကလည်း မက္ကဆီကို စီးတီး၌ ပျောက်ဆုံးကျောင်း သားများ၏ မိသားစုများ ဦးဆောင်၍ ဆန္ဒပြပွဲတစ်ခု ပြုလုပ် ခဲ့ကြသည်။ ထိုအမှုနှင့် ပတ်သတ် ၍သမ္မတ အန်ရီကေး ပန်ညာနီ ယက်တို ၏ကိုင်တွယ် ဆောင်ရွက် ပုံကို မကျေနပ် ကြသဖြင့် မက္ကဆီ ကိုတွင် ဆန္ဒပြပွဲများ ဆက်တိုက် ပေါ်ပေါက် လျက်ရှိသည်။

ပျောက်ဆုံး ကျောင်းသားများ၏ မိဘများကလည်း ၄င်းတို့၏ သားများ သေဆုံးပြီ ဆိုသည့် အချက်အား ယုံကြည်လက်ခံရေး ကို ငြင်းဆန်နေ ကြဆဲဖြစ်ကာ ဆန္ဒပြပွဲတိုင်းတွင် "သူတို့ကို အသက်ရှင်လျက် ခေါ်သွားခဲ့တာမို့ သူတို့ကို အသက်ရှင်လျက်ပဲ ပြန်လိုချင်ပါတယ်" ဟု ကြွေးကြော်ခဲ့ကြသည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List