၂၀၁၄ ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပူးပေါင်းရရှိသွားတဲ့ အိန္ဒိယနိုင်ငံသားနဲ့ ပါကစ္စတန်နိုင်ငံ သူတို့က ဒီညကျရင် ဆုကို လက်ခံကြမှာ ဖြစ်ပါတယ်။ တာလီဘန်အဖွဲ့ရဲ့ လုပ်ကြံမှုမှာ အသက်မသေတဲ့ ဆယ်ကျော်သက်အရွယ် Malala Yousafzai ကတော့ အခုလို ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံသားတွေ ပူးပေါင်း ဆုရ ရှိတဲ့အတွက် နှစ်နိုင်ငံအကြား ကလေးငယ်တွေ အမြတ်ထုတ်ခံရမှုတွေ လျော့ကျသွားအောင် ပိုမို လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။
အဲဒီ နိုင်ငံနှစ်နိုင်ငံက ကလေးငယ်တွေဟာလည်း အမှန်တကယ် အမြတ်ထုတ်ခံ နေရတာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
မာလာလာနဲ့အတူ ဆုရသွားတဲ့ အသက် ၆၀ အရွယ် Kailash Satyarthi ကလည်း ကလေးငယ်တွေ လုပ်ငန်းခွင်မှာ အရွယ်မတိုင်ခင် အလုပ်မလုပ် ရအောင် ကမ္ဘာက ဒီထက်ပိုပြီး လုပ်ဆောင်နိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။
လူတွေ ဝယ်ယူတဲ့ ဖိနပ်တွေ၊ အဝတ်အစားတွေ၊ ရှပ်အကျီ ဒါမှမဟုတ် ဘောလုံး၊ ဒါမှမဟုတ် တရုပ်တစ် ရုပ်ကို ဝယ်တော့မယ်ဆိုရင် ဒီပစ္စည်းတွေကို ထုတ်လုပ်ရာမှာ ကလေးတွေရဲ့ လုပ်အားနဲ့ ကင်းတဲ့ ပစ္စည်းတွေမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ပြီး ကလေးတွေ အလုပ်လုပ်မှ ဒီပစ္စည်းထွက်ပေါ်လာတာကို အားမပေးကြဖို့ ပြောဆိုလိုက်ပါတယ်။
Kailash Satyarthi နဲ့ အဖွဲ့သားတွေရဲ့ ကြိုးစားမှုကြောင့် ကလေးငယ်အယောက် ပေါင်း ရှစ်သောင်းလောက် လုပ်ငန်းခွင်မှာ အမြတ်ထုတ်ခံရတဲ့ ဘဝက လွတ်မြောက်ခဲ့ရပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရ ကမ္ဘာပေါ်က မူလတန်း အရွယ် ကလေးငယ် အယောက်ပေါင်း ၅၈ သန်းလောက် ကျောင်းမနေရဘူးလို့ ဆိုပါတယ်။
မစ္စတာ Satyarthi ကလည်း အဲဒီအထဲက ကလေးငယ် အယောက်ပေါင်း ၅ သန်းလောက်ဟာ ကျွန်သဖွယ် အလုပ်လုပ်နေကြရတယ်လို့ ပြောသွားခဲ့ကြောင်း Stephanie March က သတင်းပေးပို့ထားပါတယ်။
ဒီညကျရင် နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ညစာစားပွဲ ကို ကျင်းပမှာ ဖြစ်ပါတယ်။
ABC
No comments:
Post a Comment