Thursday, December 11, 2014

V Gastro.bar ဆိုင်ရှင်နှင့် မန်နေဂျာအား မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတ ဗဟိုမှ သီးသန့်တရားစွဲမည်ဟုဆို



ဗုဒ္ဓရုပ်ပုံအား မဖွယ်မရာပြုလုပ်ခဲ့သည့် V Gastro.bar ဆိုင်ရှင်နှင့် မန်နေဂျာအား မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာ နုရက္ခိတဗဟိုမှ သီးသန့်တရားစွဲသွားမည်ဟု အဆိုပါအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးအောင်မြိုင် က News Watch ဂျာနယ်သို့ ဒီဇင်ဘာ ၁၁ က ပြောကြားခဲ့ သည်။

၎င်းက ''အသေးစိတ်အချက်အလက်တွေ ယူထားပါတယ်။ လောလောဆယ် မတိုင်ပင်ရသေးဘူး။ တယောက် ခြင်းပဲ သိရသေးသလိုဖြစ်နေတယ်။ တရားစွဲဖို့လိုအပ်တယ်ဆိုရင် တရားစွဲသွားမှာပါ။ ကျွန်တော် တို့အဖွဲ့က ဗုဒ္ဓဘာသာကို ဘာသာခြားကပဲ စော်ကား စော်ကား၊ ဘာသာဝင်တွေကိုယ်တိုင်က စော်ကား စော်ကား တရားစွဲမယ်လို့ မူဝါဒအရကိုက ကြေညာပြီးသားပါ''ဟု ပြောကြားခဲ့ပြီး လက်ရှိ အချိန်၌ ပဋိပက္ခများမဖြစ်ပွားရေး အတွက်လည်း အထူးဂရုစိုက်၍ လုပ်ဆောင်နေရသည်ဟုဆိုသည်။

၎င်းမှ ''ဗုဒ္ဓရုပ်ပွားတော်ဆိုတာ ဧည့်ခံဖျော်ဖြေတဲ့ပစ္စည်း မဟုတ်ဘူးလေ။ အထွတ်အမြတ် အလေးအမြတ် ထား ကိုးကွယ်တဲ့ဟာပါ။ ဒါကို ဒီလိုလုပ်တယ် ဆိုတာ စော်ကားမှုသက်သက်လို့ ယူဆပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါဆိုင် V Gastro.bar, Buddha.bar ဟု ရေးသားကာ ရုပ်ပွားတော်၏ နားတော်တွင် Earphone တပ် ဆင်ထားသည့်သဏ္ဌာန် ဒီဇိုင်းဖော်ပြ၍ အရပ်ဘားအား ကြော်ငြာခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာအား စော် ကားခြင်း ဖြစ်သည်ဟု ဝေဖန်နေကြသည်။

ယင်းကြောင့် အဆိုပါဆိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာထွဋ်ကိုကိုလွင်၊ အထွေထွေမန်နေဂျာ (နယူးဇီလန်နိုင်ငံ သား) မစ္စတာဖိလစ်တိုYအား (ပ)၄၉၉/ ၂၀၁၄၊ ပြစ်မှုပုဒ်မ- ၂၉၅/၂၉၅-က ဖြင့် အမှုဖွင့်ထားပြီး ၎င်းဆိုင် အားလည်း ပုဒ်မ ၁၈၈ ထုတ်ထားသည်ဟု သိရသည်။ ၎င်းတို့အား ဒီဇင်ဘာ ၁၁ ရက်က ရုံးထုတ်စစ်ဆေး ခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ထပ်မံရုံးချိန်းထားသည်ဟု သိရသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List