Monday, December 08, 2014

မြန်မာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကျဆင်း


မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အခုနှစ်မှာ ကျဆင်းသွား တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ဆိုင်ရာရုံး (ယူအန်အိုဒီစီ)က အစီရင်ခံစာ ထုတ်ပြန်လိုက် ပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အရှေ့တောင်အာရှဒေသ ၂၀၁၄ ဘိန်းစစ်တမ်း အစီရင်ခံစာမှာ မြန်မာနိုင် ငံမှာ တောင်သူတွေရဲ့ ဘိန်းစိုက်ပျိုးပုံမှန်ရှိပေမယ့် ထွက်ရှိမှု ကျဆင်းသွား တာကြောင့် ခုလို ထုတ်လုပ်မှု ကျဆင်းသွားတာလို့ ဖော်ပြထားတာပါ။

မြန်မာ့ဘိန်းထုတ်လုပ်မှုက ၂၀၁၃ ခုနှစ်က တန်ချိန် ၈၇၀ ထုတ်လုပ်ခဲ့ရာက ဒီနှစ်မှာတော့ မနှစ်ကထက် တန်ချိန် ၂၀၀ လောက် လျော့နည်းသွားကာ ဘိန်းတန်ချိန် ၆၇၀ ထုတ်လုပ်ခဲ့ တယ်လို့ ကုလသမဂ္ဂက ဆိုပါ တယ်။

မြန်မာနိုင်ငံမှာ အဓိက ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့နေရာတွေကတော့ ရှမ်း၊ ကချင်၊ ကယားနဲ့ ချင်းပြည်နယ် တွေမှာ ဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုက ၂၀၁၃ ခုနှစ်မှာ ဟက်တာ ၅၇,၈၀၀ ရှိရာက ၂၀၁၄မှာတော့ စုစုပေါင်း ဧရိယာ ဟက်တာ ၅၇,၆၀၀ (၁၄၂,၀၀၀ ဧက) ကျဆင်းသွား ပါတယ်။

မြန်မာ့ ဘိန်းဈေးဟာလည်း မနှစ်က ၁ ကီလိုဂရမ်ကို ဒေါ်လာ ၄၉၈ ပေါက်ဈေး ရှိရာက ဒီနှစ်မှာတော့ ၁၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၄၁၄ ထိ ကျဆင်းသွားတယ်။

ဒါပေမယ့် မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာ အဓိကဘိန်းစိုက်ပျိုး တဲ့နိုင်ငံအဖြစ် ဆက်ရှိနေ ဆဲဖြစ်ပြီး ရွှေတြိဂံဒေသရဲ့ ဘိန်းထုတ်လုပ်မှုကတော့ မြင့်မားနေဆဲ ဖြစ်တဲ့အတွက် ဒေသတွင်းပေါင်း စည်းရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်ကို ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂက သတိပေး ထားပါတယ်။

ယူအန်အိုဒီစီရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရယ်မီ ဒေါက်ကလပ်စ်က “ ဒီဒေသရဲ့ ကြီးမားတဲ့ဘိန်းဖြူ ၀ယ်လိုအားပမာဏဟာနိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု ကျူးလွန်တဲ့ အုပ်စုတွေ အတွက် အကျိုးအမြတ်ရတဲ့ မက်လုံးဖြစ်နေတယ် ။ 

သူတို့က ဘိန်းဖြူထုတ်လုပ်ရာမှာ လိုအပ်တဲ့ ဓာတုဗေဒပစ္စည်းတွေ သွင်းလာရုံတင်မက တရုတ်၊အရှေ့ တောင် အာရှနဲ့ ကမ္ဘာ့ တခြားနေရာတွေကို မူးယစ်ဆေး ၀ါးတွေ အဓိက မှောင်ခိုဖြန့်ချိနေကြတယ်”လို့ ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List