ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ဟာယူးပိ မုန်တိုင်းကြောင့် လူပေါင်း ၂၇ ယောက်လောက် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။သေဆုံးသူအများစုဟာ ရေကြီးမှုနဲ့ မျှောပါပြီး သေဆုံးရတာ ဖြစ်တယ်လို့ ကြက်ခြေနီ အသင်းက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပျက်စီးမှုတွေ သိပ်မများခဲ့ပေမယ့် ဖိလစ်ပိုင်အလယ်ပိုင်းမှာတော့ အပျက်အစီးတွေ များပြားလှပါတယ်။ Tacloban မှာလည်း နေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။
Borongan ဒေသမှာ အိမ်ခြေပေါင်း ၆၄၀၀၀ ရှိတဲ့အထဲက မုန်တိုင်းကြောင့် အိမ်ခြေပေါင်း ၂၅၀၀၀ လောက် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ခိုလှုံရေးစခန်းတွေမှာ သွားရောက်ခိုလှုံတဲ့အတွက် မိသားစုပေါင်း များစွာက အသက်ဘေးက လွတ်ကင်းခဲ့ ပေမယ့် အိမ်တွေကို ဆုံးရှုံးရတာ ဖြစ်ပါတယ်။
မြေပြိုမှုတွေ၊ လမ်းပျက်စီးမှုတွေ ဖြစ်ခဲ့တဲ့အတွက် လမ်းတွေကိုလည်း စတင်ရှင်းလင်းမှု လုပ်နေကြပြီ ဖြစ်သ လို ဆက်သွယ်ရေးစနစ်ကိုလည်း ပြုပြင်ပြီးပြီ ဖြစ်ပါတယ်။
စစ်ရဟတ်ယာဉ်တွေကလည်း ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို သွားပြီးတော့ အကူအညီတွေ ပေးနေပြီ ဖြစ်ပါတယ်။ သြစတြေးလျကတော့ မက်ထရစ်တန်ချိန် ၈၀၀ ရှိတဲ့ ဆန်တွေကို လျူဒါန်းထားပါတယ်။
အခုလောလောဆယ် မုန်တိုင်းက မနီလာမြို့ကို တစ်နာရီကို ကီလိုမီတာ ၁၂၀ - ၁၅၀ နှုန်းနဲ့ ဦးတည်နေပြီး မိုးသည်းထန်မှုတွေ ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း Shirley Escalante က မနီလာကနေ သတင်း ပေးပို့ထားပါတယ်။
ABC
No comments:
Post a Comment