Tuesday, December 09, 2014

ရဲဌာနချုပ်ကို တာလီဘန် အသေခံဗုံးခွဲမှုကြောင့် လူ ၅ ဦးသေဆုံး


အာဖဂန်နစ္စတန်တောင်ပိုင်း ကန်ဒါဟာခရိုင်မှာ တာလီဘန် တို်က်ခိုက်ရေး သမားတွေ ကျောထောက် နောက်ခံ ပေးထားတဲ့ အသေခံဗုံးခွဲသူတယောက်က ရဲဌာနချုပ်ကို ဒီဇင်ဘာ ၈ ရက်နေ့က တိုက်ခိုက်ခဲ့လို့ 
လူ ၅ ယောက် သေဆုံး ပါတယ်။

အာဖဂန်နစ္စတန်ကို ၅ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ အမာခံ အစ္စလာမ္မစ်တွေဖြစ်တဲ့ တာလီဘန်အဖွဲ့ရဲ့ လှုပ်ရှားမှု အတွင်း ရဲဝတ်စုံဝတ်ထားတဲ့ အသေခံဗုံးခွဲသမားရဲ့ တိုက်ခိုက်မှုကြောင့် ရဲတယောက်နဲ့ အရပ်သား ၄ ယောက် သေဆုံးခဲ့တာပါ။

လက်နက်ကိုင် ၄ ယောက်က ရဲဌာနချုပ်ထဲ အတင်းဝင်ခဲ့လို့ လုံခြုံရေးတပ်က တိုက်ခိုက်သူ တွေကို ပစ်မသတ်ခင် အပြန်အလှန်တိုက်ခိုက်မှု ၂ နာရီကြာခဲ့ တယ်လို့ အစိုးရပြောခွင့်ရက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာ ဖြစ်ကြောင်း အာဖဂန်နစ္စတန်တောင်ပိုင်းအတွက် တာလီဘန်ပြောခွင့်ရ ကာဒရီ ယူဆွတ် အာမာဒီက ပြောပါတယ်။ ဒီနှစ်ဟာ ၂၀၀၁ ခုနှစ်ကစတဲ့ အာဖဂန်စစ်ပွဲ ၁၃ နှစ်အတွင်း သွေးအစွန်းဆုံးနှစ်လည်း ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေအတွင်း နေ့တိုင်း အာဖဂန်နိုင်ငံသား ဒါဇင်နဲ့ချီပြီး သေဆုံးနေပါ တယ်။ နိုဝင်ဘာလ တည်းမှာတင် အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၄၆၀၀ သေဆုံး ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကန်ဒါဟာခရိုင်ကနေ စတင် ထွက်ပေါ်လာတဲ့ တာလီဘန်တွေဟာ တိုင်းပြည် ကို အုပ်ချုပ်နိုင်ခဲ့တာပါ။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့ ကုန်သွယ်ရေးစင်တာကို ၂၀၀၁ ခုနှစ် စက်တင်ဘာလက တိုက်ခိုက်မှုအပြီး အမေရိကန်ခေါင်းဆောင်တဲ့ ကျူးကျော်စစ်နဲ့ တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။

နိုင်ငံခြားတပ်တွေက လာမယ့် သီတင်းပတ်တွေအတွင်း ဆုတ်ခွာတော့မှာမို့ အခွင့်အရေး ယူတဲ့အနေနဲ့ တာလီဘန်တွေက နိုင်ငံတလွှား တိုက်ခိုက်မှုတွေ ပိုတိုးလာနေ ပါတယ်။

နိုင်ငံတကာ လုံခြုံရေး အထောက်အပံ့ ပူးတွဲ စစ်ဌာနချုပ်က ဒီဇင်ဘာ ၈ ရက်နေ့က အလံချ အခမ်းအနား ကျင်းပပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ စမယ့် နိုင်ငံတကာထောက် ပံ့ရေးနဲ့ သင်တန်းမစ်ရှင်ကို တာဝန်လွှဲပေးခဲ့ ပါတယ်။

ပူးတွဲစစ်ဌာနချုပ် ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂျိုးဇက်ဖ် အန်ဒါဆင်ကတော့ အာဖဂန်ရဲတွေနဲ့ စစ်တပ်တို့က တာလီဘန်တွေ လာမယ့်နှစ်မှာ နယ်မြေတွေ ပြန်ယူတာကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ ပါတယ်။

DVB

No comments:

Post a Comment

My Blog List