Friday, December 12, 2014

အင်ဒိုနီးရှား နိုင်ငံတွင် လစာတိုးပေးရေး အတွက် လူထောင်ပေါင်း များစွာ လူထုစုဝေး မှုများပြုလုပ်


အင်ဒိုနီးရှား နိုင်ငံတွင် မကြာသေးမီးက လောင်စာဆီ ဈေးနှုန်းများ တိုးမြှင့်မှုကြောင့် ငွေကြေးဖောင်းပွ မှုများဖြစ်ပေါ် ခဲ့ပြီးနောက် အလုပ်သမား ထောင်ပေါင်းများစွာသည် ဒီဇင်ဘာ ၁၀ ရက်က မြို့တော် ဂျကာတာတွင် စုဝေးကာ လစာ တိုးမြှင့် ပေးရေးတောင်း ဆိုခဲ့ကြသည်။

လူအုပ်ကြီးသည်  အလံများကို ဝှေ့ယမ်းကာ ဂျကာတာမြို့လယ်ခေါင် အနီးဝန်း ကျင်ရှိ အဓိကကျသော နေရာများနှင့် သမ္မတ အိမ်တော်သို့ ချီတက်ကာ နိုင်ငံ တစ်ဝန်းနှစ်ရက်ကြာ သပိတ်မှောက်မှုကို စတင်ခဲ့ကြပြီး အခြားမြို့ များတွင်လည်း အသေးစား ချီတက်ဆန္ဒပြမှု များပြုလုပ် လျက်ရှိသည်။

ဂျကာတာမြို့ရှိ ဆန္ဒပြသူများသည် ၂၀၁၅ တွင်သဘော တူညီထားသော အနိမ့်ဆုံး လုပ်ခလစာ တိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ မကျေမနပ် ဖြစ်လျက်ရှိပြီး အထူး သဖြင့် အစိုးရအဖွဲ့သည် လောင်စာဆီ ဈေးနှုန်းများ တိုးမြှင့်မှုကြောင့် ပို့ဆောင်ရေး စရိတ်များမြှင့်မား မှုများအပေါ် မကျေမနပ် ဖြစ်လျက်ရှိသည်။

ဆန္ဒပြပွဲကို ဦးဆောင် ပြုလုပ်သော KSPSI အလုပ်သမား သမဂ္ဂ အတွင်းရေးမှူးချုပ် ဆူဘီအန်တို က"ကျွန်တော်တို့အနေနဲ့ လုပ်ခလစာ နည်းပါးမှုအပေါ် ဆန့် ကျင်သွား မှာဖြစ်ပါတယ်။ ဒါအပြင် လောင်စာဆီ ဈေးနှုန်းမြှင့် တက်မှုကိုလည်း ဆန့်ကျင်သွား မှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List