မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့ အမှုတွေအတွက် သံသယရှိသူ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ မလေးရှားနိုင်ငံ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဧပြီလ အတွင်းက ပီနန်မြို့မှာ မြန်မာနိုင်ငံ သားတွေကို သတ်ဖြတ်တဲ့ လူသတ်မှု ၁၈ မှုဖြစ်ပွားခဲ့ပြီး လောလောဆယ်မှာ လူသတ်မှု ၁၃ မှုအတွက် သံသယရှိသူတွေကို ဖမ်းဆီ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ မြန်မာတွေမှာ တရားဝင်လက်မှတ်နဲ့ အလုပ်လုပ်နေသူတွေအပြင် တရားမ၀င် နေထိုင်သူတွေ လည်း ပါဝင်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။
မလေးရှားမှာ ပေါ်ပေါက်ခဲ့တဲ့ မြန်မာတွေ ရက်ရက်စက်စက် အသတ်ခံရမှုဟာ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေနဲ့ ဆက်စပ်နေတယ်လို့လည်း မလေးရှားသတင်းစာတွေက သုံးသပ်ရေးသားကြပါတယ်။
DVB

No comments:
Post a Comment