Tuesday, December 09, 2014

နိုင်ဂျီးရီးယားတွင် လက်နက်ကိုင်များက ထောင်ဖောက်၍ အကျဉ်းသား ၂၀၀ ကျော်ကို လွှတ်ပေးခဲ့


နိုင်ဂျီးရီးယားမြို့ တော် Abuja နဲ့ ကီလိုမီတာ ၂၅၀ အကွာမှာရှိတဲ့ တန်ဂါ အကျဉ်းထောင်ကို လက်နက်ကိုင် လူတစ်စုက ဖောက်ခဲ့ပြီး အကျဉ်းသား ၂၀၀ ကျော်ကို လွှတ်ပေးခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။စနေနေ့ က ဖြစ်ပျက်ခဲ့တဲ့ အကျဉ်းသားတွေကို လွှတ်ပေးတဲ့အမှုမျိုး ရှေ့ တစ်လအတွင်းမှာလည်းဖြစ်ဖူးခဲ့ပြီး ဒီတစ်ကြိမ်နဲ့ ဆို နှစ်လအတွင်း ၃ ကြိမ်မြောက် ဖြစ်ကြောင်းလည်း သိရပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၁၀ ဦးခန့် ကို တနင်္ဂနွေနေ့ မှာ ပြန်ဖမ်းမိထားပြီလို့ ကြီးကြပ် ရေးမှုး အီဗရာဟင် ဂမ်ဘာရီက အေပီသတင်းဌာနကို ပြောပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ တုန်းကလည်း နိုင်ငံတောင်ပိုင်းက ကိုဂီမြို့ မှာ လက်နက်ကိုင်တွေက ထောင်နံရံ ကို ဗုံးဖောက်ခွဲပြီး အကျဉ်းသား ၃၀၀ ကို လွှတ်ပေးခဲ့ပါတယ်။ 

နိုင်ဂျီးရီးယား နိုင်ငံမှာ အကျဉ်းထောင် ဖောက်မှု မကြာခဏဖြစ်ပြီး ထွက်ပြေးသွားတဲ့ အကျဉ်းသားဦးရေ အနည်းငယ်ပဲ ပြန်ဖမ်းမိလေ့ရှိတယ်လို့  သိရပါတယ်။

အာဖရိကနိုင်ငံအရေးဆောင်ရွက်တဲ့ ယခင် အမေရိကန် အထွေထွေ အတွင်းရေးမှုးလက်ထောက်ဖြစ်သူ ဟာမန် ကိုဟမ် က “ ထောင်ဖောက်ပြီး အကျဉ်းသားတွေလွှတ်ပေးတဲ့ ကိစ္စမှာ အစ္စလာမ်မစ်စစ်သွေးကြွ ဘိုကိုဟာရမ်တွေရဲ့ နောက်ကွယ်က ချုပ်ကိုင်မှုတွေရှိနေတဲ့အပြင် လာဘ်စားတဲ့ ထောင်အာဏာပိုင်တွေက စစ်သွေးကြွတွေ ဆီက ငွေကြေး ကို လက်ခံပြီး အလိုတူအလိုပါ ခွင့်ပြုပေးနေတာ” လို့ ဆိုပါတယ်။

“၁၉၉၉ ခုနှစ်နောက်ပိုင်း အရပ်သားအစိုးရတက်လာတည်းက စစ်တပ်နဲ့ ရဲတွေကို ဥပေက္ခာပြုထား တယ်လေ။ လစာလည်း ပုံမှန်ပေးတာမရှိဘူး။ လုံခြုံရေး အခြေအနေ သည့်ထက် ပိုမဆိုးရွားလာခင် ကာကွယ်ရေးစနစ်ကို စနစ်တကျပြန်ဖွဲ့ စည်းဖို့ လိုအပ်တယ်” လို့ ဟာမန်က ထပ်ဖြည့်ပြောပါတယ်။

အရာရှိတွေကတော့ အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေနေထိုင်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အကျဉ်း သားတွေက အိပ်ရာမပါဘဲ သံမန်တလင်းပေါ်မှာ ကျောခင်းအိပ်ရတာ၊ စားစရာကဘ်း အမြဲပြတ် လပ်နေတဲ့အပြင် နာမကျန်းဖြစ်တဲ့သူတွေ ဆေးကုသဖို့ အတွက် ဝန်ဆောင်မှုတွေကလည်း မလုံလောက် တာကို စိတ်မကောင်းစရာ တွေ့ ရတယ်လို့ ဆိုပါတယ်။

အကျဉ်းသားတစ်ယောက်ကို တရားရုံးမှာအမှုကြားနာခြင်းမရှိသေးဘဲ ၄၈ နာရီထက်ပိုပြီး ဖမ်းချုပ်ထားခြင်း က တရားမဝင်ပေမယ့် အကျဉ်းထောင်အများစု မှာရှိတဲ့ အကျဉ်းသားတွေက နိုင်ဂျီးရီးယား နိုင်ငံက တရားစီ ရင်ရေး စနစ်က နှောင့်နှေးတဲ့ အတွက် သူတို့ အမှုကို စစ်ဆေးကြားနာဖို့ အတွက်ကို နှစ်ပေါင်းများစွာ ထောင်ထဲမှာ စောင့်ရပါတယ်။

Ref: Al Jazeer
The Myanma Age

No comments:

Post a Comment

My Blog List