Tuesday, December 09, 2014

၂၀၁၅မှာ အကူညီပေးဖို့ ဒေါ်လာ ၁၆ ဘီလီယံ လိုအပ်လို့ ကုလဆို


ကမ္ဘာပေါ်မှာ ​ဖြစ်ပျက်နေတဲ့ ​ပြဿနာတွေကြောင့် ​ဒုက္ခရောက်သူတွေကို ​လူသားခြင်း ​စာနာတဲ့ ​အကူအညီတွေ ​ဆက်လက်ပေးနိုင်ဖို့ ​ဒေါ်လာ ​၁၆ ​ဘီလီယံ ​လိုအပ်တယ်လို့ ​ကုလသမဂ္ဂက ​ပြောလိုက်ပါတယ်။ အဲဒီ ​ငွေကြေး က ​လာမယ့်နှစ်ကျရင် ​ဒုက္ခရောက်နေတဲ့ ​လူပေါင်း ​၅၇ ​သန်း အတွက် ​အထောက်အကူ ​ဖြစ်စေမှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ငွေကြေးရံပုံငွေ ​မလုံလောက်မှုတွေကြောင့် ​ဆီးရီးယားနိုင်ငံက ​စစ်ပြေး ​ဒုက္ခသည်တွေကို ​ပေးနေတဲ့ ​အစားအသောက် ​ကူညီရေးတွေ ​ရပ်တန့်လိုက် ရပြီလို့ ​ကြေညာပြီးနောက် ​အခုလို ​ငွေကြေးတွေ ​အများ အပြားလိုအပ်ကြောင်း ​ကုလသမဂ္ဂက ​ပြောဆိုလာတာ ​ဖြစ်ပါတယ်။

အခု ​တောင်းခံထားတဲ့ါ ​ငွေကြေး ​၁၆ ​ဘီလီယံထဲက ​တစ်ဝက်နီးပါးလောက်က ​ဆီးရီးယား ​စစ်ကြောင့် ​ဒုက္ခရောက်သူတွေကို ​ကူညီဖို့ ​ဖြစ်ပါတယ်။

နိုင်ငံပေါင်း ​၂၂ ​နိုင်ငံက ​လူတွေ ​ဒုက္ခရောက်နေတာ ​ဖြစ်ပြီး ​အဲဒီအထဲမှာ ​မြန်မာ၊ ​ယူကရိန်း၊ ​ကွန်ဂို၊ အာဖဂန် နစ္စတန်၊ ​ပါလစ္စတိုင်း၊ ​ဆိုမားလီးယား၊ ​ဆူဒန်နဲ့ ​ရီမန်နိုင်ငံတို့လည်း ​ပါဝင်ပါတယ်။

ABC

No comments:

Post a Comment

My Blog List