Tuesday, December 09, 2014

ဗိုလ်မှူးကျော်စွာဝင်းအား ဒီချုပ်က လူမှုရေးပိုင်းဆိုင်ရာအကူအညီများ ပေးမည်



ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တွင် ပါဝင်လက်မှတ်ရေးထိုး သဖြင့် ထောင်ဒဏ်ချမှတ်ခံရ သည့် ဗိုလ်မှူးကျော်စွာဝင်းအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူမှုရေးပိုင်း ဆိုင်ရာအကူအညီ များ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘သူထောင်ကျတဲ့ အကြောင်းကလည်း ပုဒ်မ ၄၃၆ကို လက်မှတ်ထိုးလို့ပဲပေါ့။ ကျွန်တော်တို့တော့ထင်တယ်။ အဲဒီတော့ သူ့အတွက် လူမှုရေး ပိုင်းဆိုင်ရာ အထောက်အပံ့တွေကူညီပေးဖို့ရှိပါတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် လက်မှတ်ရေးထိုးသောကြောင့် ဗိုလ်မှူးကျော်စွာဝင်း သည် ယုံ ကြည်ချက်ကြောင့်အကျဉ်းကျခံရ ခြင်းဖြစ်သည့်အတွက် ၎င်း၏ မိသားစုအနေဖြင့်ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲမရှိစေ ရန်နှင့် လိုအပ်သောလူ မှုရေးပိုင်း ဆိုင်ရာအကူအညီများကို အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်က တတ် နိုင်သမျှကူညီပေးသွားမည်ဖြစ်သည်ဟု ဦးမင်းသူကပြောသည်။

ဗိုလ်မှူးကျော်စွာဝင်းအား ဒီဇင်ဘာ ၅ရက်တွင် ပြင်ဦးလွင်စစ် တရားရုံးက တပ်မတော်အတွင်း ထုတ်ပြန်ထားသည့် ဒေသန္တရအ မိန့်ညွှန်ကြားချက်များကို လိုက်နာ ရန်ပျက်ကွက်ခြင်းပုဒ်မ ၄၁(င)၊ တပ်မတော်သားတစ်ဦးနှင့် မသင့် လျော်သောပြစ်မှုပုဒ်မ ၆၅စသည့် ပုဒ်များဖြင့်ထောင် ၂နှစ်ချမှတ်ခဲ့ ခြင်းဖြစ်သည်။

ဗိုလ်မှူးကျော်စွာဝင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် တပ်မှူးအဖြစ်တာ ၀န်ထမ်း ဆောင်စဉ် ၂၀၁၄ခုနှစ် ဇူလိုင် ၇ရက်က ပြင်ဦးလွင်သို့ တပ်တာ ၀န်ဖြင့် လာရောက်ရာ ပြင်ဦးလွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီနှင့် ၈၈မျိုးဆက်ပွင့် လင်းလူ့အ ဖွဲ့အစည်းတို့ ပူးပေါင်းလုပ် ဆောင်နေသည့် ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ၌ ပါဝင်လက် မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

လက်မှတ်ရေးထိုးခဲ့သည့် ဇူလိုင် ၇ရက်တွင်ပင် ဖမ်းဆီးခံရပြီး ပြင်ဦးလွင်တပ် မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ သင်တန်းကျောင်း၌ ဖမ်းဆီးချုပ်နှောင် ခံရခြင်းဖြစ်သည်။ သြဂုတ်လတွင် တပ်တွင်းခုံရုံးဖွဲ့စစ်ဆေးပြီးနောက်ဒီဇင်ဘာ တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်နိုင်ရန် ပထမဆုံး အနေဖြင့် ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန်လို အပ်သည့်အတွက် အမျိုးသားဒီမို ကရေအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့သည် လက်မှတ်ရေး ထိုးဆန္ဒထုတ်ဖော်သည့်လှုပ် ရှားမှု တစ်ရပ်ကို ပူးပေါင်းပြုလုပ်ခဲ့ကြ သည်။

ပုဒ်မ ၄၃၆ပြင်ဆင်နိုင်ရေးအ တွက် လက်မှတ်ရေးထိုးဆန္ဒထုတ် ဖော်သည့် လှုပ်ရှားမှုမှရရှိလာ သည့် လက်မှတ်ငါးသန်း ခန့်ကို လွှတ်တော်သို့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့က ပေးပို့ထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List