Wednesday, December 10, 2014

ဗင်နီဇွဲလားတွင် မယ်သွားပြိုင်သည့် ဂျူးစံသာ ခရီးဆောင်အိတ် နှစ်လုံးပျောက်



Miss Tourism 2014 ပြိုင်ပွဲရန် ဗင်နီဇွဲလားနိုင်ငံသို့ သွားရောက်သည့် အလှမယ်ဂျူးစံ သာသည် ပြိုင်ပွဲသို့ အသွားခရီး စဉ်အတွင်း ပြင်သစ်လေကြောင်း လိုင်းတစ်ခု၏ မှားယွင်းမှုကြောင့် ခရီးဆောင်အိတ်နှစ်လုံး ပျောက် သွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းပြိုင်ပွဲကို ယနေ့ (ဒီဇင်ဘာ ၁၀ ရက်)တွင် ကျင်းပပြု လုပ်မည်ဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲ၌ ၀တ်ဆင်မည့် ၀တ်စုံများမှ ၎င်းနှင့်အတူပါလာသော ခရီးဆောင်အိတ်တွင် ပါရှိသောကြောင့် ပြိုင်ပွဲယှဉ်ပြိုင်ရန် အခက်အခဲ မရှိကြောင်း Miss Golden LandMyanmar အဖွဲ့အစည်း၏ အမှုဆောင်အရာရှိချုပ် ကိုဝေယံ အောင်ကပြောသည်။
‘‘ဖိုင်နယ်ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ အတွက်တော့ အခက်အခဲ မရှိပါ ဘူး။ ဒါပေမဲ့ နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါ တယ်’’ဟု ၎င်းကပြောသည်။

ခရီးဆောင်အိတ်ပျောက် သည့် ကိစ္စနှင့်ပတ်သက်၍ Air France လေကြောင်းလိုင်းဘက် မှ ၎င်းတို့ထံ တောင်းပန်စာပို့ထား ပြီး အိတ်များပြန်တွေ့ပါက ဂျူးစံ သာထံ အရောက်ပြန်ပို့ပေးမည် ဟု ပြောခဲ့သော်လည်း ပြိုင်ပွဲ မကျင်းပမီ တစ်ရက်အလို အထိ မရရှိသေးကြောင်း ဒီဇင်ဘာ ၉ ရက်တွင် ကိုဝေယံအောင်က ပြောသည်။

ပျောက်သွားသည့် ခရီး ဆောင်အိတ်အတွင်း၌ ပြိုင်ပွဲကာ လအတွင်း ၀တ်ဆင်မည့် အ၀တ် အစားများ၊ ဖိနပ်များနှင့် အခြား အသုံးအဆောင်ပစ္စည်းများပါ သွားပြီး မြန်မာအမျိုးသမီး ၀တ်စုံ ၀တ်ဆင်သည့်ကဏ္ဍတွင် အလှ ပြမည့် အိုးတစ်လုံးပါ သွားကြောင်း ၎င်းကပြောသည်။

‘‘နေ့စဉ်ဝတ်မယ့် အ၀တ်အ စားအတွက်ကတော့ ပွဲကျင်းပတဲ့ အဖွဲ့အစည်းဘက်က ပြိုင်ပွဲဝင် တွေကို တူညီဝတ်စုံတွေ ပေးတဲ့ အတွက် အဆင်ပြေပါတယ်။ National Costume အတွက် လက်ထဲမှာ ကိုင်မယ့် အိုးမရှိပေ မယ့် ပါဖော့မန့် အတွက်က အဆင်ပြေပါတယ်’’ဟု ကိုဝေယံ အောင်က ပြောသည်။

အဆိုပါ Miss Tourism 2014 ပြိုင်ပွဲကို ၂၀၀၂ တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အလှ မယ်ရှစ်ဆယ်ကျော်ပါဝင်ကာ မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး အကြိမ် သွားရောက်ယှဉ်ပြိုင်ခဲ့ ခြင်း ဖြစ်သည်။

ဂျူးစံသာသည် ယင်းပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး ဗင်နီဇွဲလာနိုင်ငံ၌ နိုဝင်ဘာ ၃၀ ရက်က စတင်စခန်းသွင်း လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List