Tuesday, December 09, 2014

ဘလော့ဂါနှင့် နိုင်ငံရေးသမား တို့၏ နိုင်ငံကူး လက်မှတ်များကို မလေးအစိုးရ ပယ်ဖျက်


ဘလော့ဂါ အယ်လ်ဗင်တန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အလီအာဘတ်ဂျလီတို့၏ နိုင်ငံကူးလက်မှတ် များကို မလေးရှားလူဝင်မှု ကြီးကြပ် ရေးဌာနက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။လူဝင်မှု ကြီးကြပ်ရေး ဌာန ညွှန်ကြား ရေးမှူးချုပ် မူစတာဖာ အီဗရာဟင်က “တရားစီရင်ရေး စနစ်နဲ့ မလေး အုပ်ချုပ် သူတွေကို ဘယ်သူကမှ စော်ကားတာကို သည်းခံ ခွင့်လွှတ်သွားမှာ မဟုတ်ပါဘူး” ဟု ပြောကြားကြောင်း မလေးရှား အင်ဆိုက်ဒါ သတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် သည်စတား အွန်လိုင်းသတင်း တွင်လည်း မူစတာဖာက တန်နှင့်အလီ တို့၏ နိုင်ငံကူး လက်မှတ် များကို ဖျက်သိမ်းခြင်းသည် ၎င်းတို့အား နိုင်ငံသားအဖြစ်မှရုပ်သိမ်းခြင်း မဟုတ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် အခြားစာ ရွက်စာတမ်း များဖြင့် ပြန်လာနိုင် သေးကြောင်း ပြောကြား သည်ဟု ရေးသား ထားသည်။

အလီသည်ယခုအခါ ဆွီဒင်တွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားပြီး တန်သည် ယခုအခါ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလီမြို့တွင် ရောက်ရှိ နေကြောင်း သိရ သည်။အလီ အနေဖြင့် ဂျိုဟောတော်ဝင် မိသားစုနှင့် ဆီလန်ဂေါ စူလတန်အကြီး အကဲအား ဖေ့စ်ဘွတ်တွင် စော်ကား ထားမှု တို့ဖြင့် တရားစွဲဆို ခံထားရသည်။

တန်နှင့် ၎င်း၏ မိန်းကလေး အဖော် သည်လည်း မလေးရှား၏ အစိုးရအပေါ် အသရေဖျက် မှုဆိုင်ရာ ရာဇ၀တ် မှုများနှင့် တရားစွဲဆိုခံ ထားရသည့် အပြင် အစ္စ လာမ် ဘာသာအပေါ် စော်ကားမှု ဖြစ်စေသည့် ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်ပေါ်တွင် တင်ခြင်းနှင့် ၎င်းတို့၏ ဘလော့ဂ်များပေါ်တွင် ညစ်ညမ်း ပုံများ တင်ခြင်း တို့ကြောင့် ရုပ်ရှင်ဆင်ဆာ အက်ဥပဒေ များဖြင့် တရားစွဲဆို ခံထားရသည်။ မိမိအား အမေရိကန်အစိုးရက နိုင်ငံရေးခို လှုံခွင့်ပေး မည်ဟု ယုံကြည်ကြောင်းတန် က ပြောကြား ထားသည်။

Ref: CNA
Mizzima - News in Burmese

No comments:

Post a Comment

My Blog List