Thursday, December 11, 2014

မဟာမိတ်နိုင်ငံများက အီရတ်သို့ စစ်သား ၁၅၀၀ စေလွှတ်မည်


အမေရိကန် ဦးဆောင်သော မဟာမိတ်နိုင်ငံများက အီရတ်အစိုးရကို ကူညီရန်အတွက် စစ်သား ၁၅၀၀ အား အီရတ်သို့စေလွှတ်ရန် ပြင်ဆင်ထားကြောင်း၊ IS တိုက်ခိုက် ရေးအတွက်ဖြစ်ကြောင်း အမေရိကန် စစ်ကူပေးရေး တပ်မှူးတစ်ဦးက ပြောကြားလိုက်သည်။

ဤဆောင်ရွက်ချက်မှာ နိုင်ငံတကာ တိုက်ခိုက်ရေးစစ်ဆင်မှုကို ကျယ်ပြန့်စွာလုပ်ဆောင်လာခြင်းနှင့် အမေရိကန် ၏ အီရတ်သို့ စစ်သား ၃၁၀၀ စေလွှတ်ရေး ဆုံးဖြတ်ချက်၏ အစိတ်အပိုင်းဖြစ် ကြောင်း AFP သတင်းကဆိုသည်။

မဟာမိတ်တို့၏အစည်းအဝေးက အီရတ်စစ်တပ်ကို လေ့ကျင့်မှု နှင့် အကူအညီပေးရန်အတွက် စစ်သား ၁၅၀၀ စေလွှတ်ရန် ဆုံးဖြတ် ခဲ့ကြခြင်းဖြစ်သည်။ 

မူလက အမေရိကန်ကစေလွှတ်ထားပြီးသည့်စစ်သားများကို ထပ်ဆောင်းခြင်းဖြစ် ကြောင်း ဒုတိယဗိုလ်ချုပ် ကြီးဂျိမ်းစ် တယ်ရီက ကူဝိတ်စီးတီး၌ပြောကြားလိုက်သည်။ 

သို့ရာတွင် မည်သည့် နိုင်ငံများမှ စစ်သား မည်သည့်အ ရေအတွက်ပေးပို့မည်နှင့် မည်သည့် ယူနီဖောင်းကို ဝတ်ဆင်ကြမည်ကို မူမပြောခဲ့ဟု ဆိုသည်။

ယခုကဲ့သို့ မြေပြင်တပ်စေလွှတ် ခြင်းမှာ အလွန်ကောင်းကြောင်း လည်း တယ်ရီကပြောကြားခဲ့သည်။ တယ်ရီသည် ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်နှင့် ကူဝိတ်သို့ရောက် ရှိနေခြင်းဖြစ်သည်။

မည်သည့်နိုင်ငံမှ စစ်သားမည် မျှပါရမည်ကိုမူ မဆုံးဖြတ်ရသေး ကြောင်း၊ ညှိနှိုင်းဆဲဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။ 

ကိုယ်စားလှယ် များ မိမိနိုင်ငံသို့ ပြန်၍ အရေအ တွက်ကို ညှိနှိုင်းရဦးမည်ဟု လည်း ၎င်းကဆိုသည်။

မဟာမိတ်အဖွဲ့အား အမေရိ ကန်က ဦးဆောင်၍အနောက်နိုင်ငံ များနှင့် အာရပ်နိုင်ငံတချို့ ပါဝင် ကာ အစ္စလာမ္မစ်စစ်သွေးကြွှု တို့ ကို တိုက်ခိုက်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Ref : CNA, AFP
#Democracytoday

No comments:

Post a Comment

My Blog List