မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတွင် အောင်မြင်မှုများကြောင့် တောင်ကိုရီးယား နိုင်ငံ၊ ဘူဂယောင်း အမျိုးသားတက္ကသိုလ်က သမ္မတဦးသိန်းစိန် အား နိုင်ငံရေးဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၁ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် (၂၅) ကြိမ်မြောက် အာဆီယံ- ကိုရီးယားထိပ် သီးအစည်းအဝေးသို့ တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်အား အဆိုပါတက္ကသိုလ်က ဂုဏ်ထူးဆောင် ဘွဲ့ချီး မြှင့်ခဲ့ကြောင်း သမ္မတ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။ ‘‘ပြုပြင်ပြောင်းလဲမှုများ အောင်မြင် မှုကြောင့် ပေးတာဖြစ်တယ်။ ဒီဂုဏ်ထူးဆောင်ဘွဲ့က လက်ရှိကိုရီးယား သမ္မတ (မစ္စ ပတ်ဂွန်ဟေး)ကို လည်း ဒီတက္က သိုလ်က ပေးထားတယ်’’ဟု ၎င်း ကပြောသည်။
အာဆီယံ−ကိုရီးယားဆွေး နွေးဘက် (၂၅) နှစ်ပြည့်အထိမ်း အမှတ်အဖြစ် အာဆီယံ−ကိုရီးယား မဟာဗျူ ဟာမြောက်ထိပ်သီး အစည်းအဝေးကို တောင်ကိုရီး ယားနိုင်ငံ ဘူဆန်မြို့တွင် ဒီဇင်ဘာ၁၁ ရက်နှင့် ၁၂ ရက် နှစ်ရက်ကြာကျင်းပလျက် ရှိပြီး သမ္မတ ဦးသိန်းစိန်က အာဆီယံဥက္ကဋ္ဌ အဖြစ် တက်ရောက်နေခြင်းဖြစ် သည်။ ဘူဂယောင်း တက္ကသိုလ် သည် ပြည်တွင်း၊ပြည်ပနိုင်ငံရေး နယ်ပယ်အသီး သီးတွင် ပြုပြင် ပြောင်း လဲရေးဆောင်ရွက်သူများ အား အဆိုပါဂုဏ်ထူးဆောင် ဘွဲ့ချီးမြှင့်လေ့ရှိကြောင်း ယင်းတက္က သိုလ်၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော်၊ နိုင်ငံရေးအင်အားစု များ၏ တွေ့ ဆုံဆွေးနွေး ရန် တောင်းဆိုမှုများ အား သမ္မတဦးသိန်းစိန်က လက်မခံသေးဘဲ စဉ်းစားနေချိန်၌ ယခု ဒေါက်တာဘွဲ့ကို ရရှိခဲ့ခြင်းဖြစ် သည်။ သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ ပတ်ဂွန်ဟေးတို့သည် နို ၀င်ဘာ ၁၁ ရက် နံနက်က သီး သန့်တွေ့ဆုံခဲ့ပြီး အစိုးရချင်းသာ မက ပြည်သူ၊ လွှတ်တော်၊ တပ်မ တော်တို့ အချင်းချင်းအပြန်အ လှန် ပူးပေါင်းရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးထုတ်ကုန်များ ကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန် အသေးစားနှင့် ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဆိပ်ကမ်းနှင့် ရေလမ်း ကြောင်းဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ် စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့အပြင် ကိုရီးယားကျွန်း ဆွယ်တည်ငြိမ်အေးချမ်းရေးနှင့် အဏုမြူလက်နက်မပြန့် ပွားရေး တို့တွင်လည်း အာဆီယံရပ်တည်ချက်အတိုင်း မြန်မာနိုင်ငံက ရပ်တည် နေကြောင်း သမ္မတ နှစ်ဦး တွေ့ဆုံမှုတွင် ဆွေးနွေး ခဲ့သည် ဟု ဦးရဲထွဋ်ကပြော သည်
7Day Daily
No comments:
Post a Comment