Wednesday, December 10, 2014

ကမ္ဘာ့လူကြိုက်အများဆုံး ရေကြောင်းခရီးစဉ် ၅ ခု စာရင်းတွင် ဧရာဝတီမြစ် ပါဝင်



ကမ္ဘာမှာ လူကြိုက်အများဆုံး ရေကြောင်း ခရီးစဉ် ၅ ခု စာရင်းထဲမှာ မြန်မာပြည်က ဧရာဝတီမြစ်ကြောင်း အပမ်းဖြေခရီးစဉ် လည်း ပါဝင်နေတယ်လို့ လူသိများတဲ့ Cruise Holidays ခရီးသွားလုပ်ငန်းရဲ့ စစ်တမ်းက ဆိုပါတယ်။ ဟော်လန် နိုင်ငံ အမ်စတာဒမ်မြို့ကနေ မိုးဇယ် မြစ်ကြောင်းတလျှောက် ခရီးစဉ်ဟာ လူကြိုက်အများဆုံး၊ ဒုတိယအနေနဲ့ ဥရောပအလယ် ပိုင်းထဲက ရိုင်းမြစ်၊ မိန်းမြစ်နဲ့ ဒန်းညူး မြစ်ကြောင်း ခရီးစဉ်တွေဖြစ်ပြီး၊ မြန်မာပြည် မန္တလေးကနေ ပြည်ကို ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းတဲ့ ခရီးစဉ်ကလည်း စတုတ္ထလူကြိုက်အများဆုံး စာရင်းမှာ ပါဝင်နေပါတယ်။
ဥရောပ အပြင်ဘက်ကဆိုရင် တရုတ်ပြည်ထဲက မြစ်နှစ်စင်းနဲ့ ဗီယက်နမ်နိုင်ငံထဲက မဲခေါင် မြစ်ကြောင်း ခရီးစဉ်ကလည်း တတိယ လူကြိုက်အများဆုံး နေရာမှာ ပါဝင်နေပါတယ်။ 



ဥရောပရဲ့ နာမည်ကျော် မြစ်တွေထဲမှာ ခရီးသွားရသလိုပဲ လူကြိုက် များတဲ့ ရေကြောင်း ခရီးစဉ်ထဲမှာ မြန်မာတွေ တန်ဖိုး ထားတဲ့ ဧရာဝတီမြစ်ကြောင်းခရီးစဉ် ပါဝင်လာတာ ပထမဆုံးဖြစ်တယ် လို့ သိရပါတယ်။

ဒီစစ်တမ်းကို Cruise Holidays ခရီးသွားလုပ်ငန်းက နှစ်ကုန်ပိုင်းမှာ ပြုစုတာဖြစ်ပြီး လာမယ့်နှစ်အတွက် လူကြိုက်အများ ဆုံး စာရင်းအဖြစ် သတ်မှတ်တာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List