Monday, December 08, 2014

NLD ဗဟိုကောင်မတီအစည်းအဝေးတွင် လေးပွင့်ဆိုင်နှင့် ခြောက်ပွင့်ဆိုင်ကိစ္စများ ဆွေးနွေးမည်


လာမည့် ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက်များတွင်းကျင်းပမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်ဗဟို ကောင်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် လေးပွင့်ဆိုင်နှင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကိစ္စများ အစီရင်ခံစာဖြင့် တင်သွင်းဆွေးနွေးမည်ဟု သိရသည်။

တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကော်မတီ ၁၁၇ ဦးတက်ရောက်မည့်ဗဟိုကော်မတီအစည်းအဝေး တွင် ယင်းသို့ လေးပွင့်ဆိုင်နှင့် ခြောက်ပွင့်ဆိုင်ကိစ္စများကို တင်သွင်းဆွေးနွေးမည်ဖြစ်သည်။

"အဲဒါကိုဆွေးနွေးမှာပေါ့။ အစည်းအဝေးရဲ့အစီအရင်ခံစာထဲပါသွားမယ်လေ။ ဒါပေမဲ့ အဲဒီတစ်ခုတည်းကိုပဲ ထူးခြားစွာဆွေးနွေးမယ်လို့ပြောတာတော့ မဟုတ်ဘူး။ ပါတီတစ်ခုရဲ့ နိုင်ငံရေးလုပ်ငန်းတွေအကုန်လုံး ကိုဆွေးနွေးမယ်" ဟု ပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက မြန်မာ့ခေတ်သို့ ပြောသည်။

ထိုသို့ ခြောက်လတစ်ကြိမ်ကျင်းပသော ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးကိုပထမရက်တွင် ပါတီ၏ ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က လာရောက် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ထို့နေ့တွင် ပါတီ၏ သက်ဆိုင်ရာကော်မတီများ၏ အစီရင်ခံစာများနှင့်တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ အစီအရင်ခံစာများကို တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယနေ့တွင် ပထမရက်က တင်သွင်းထားသော အစီအရင်ခံစာများကိုပြန်လည်းဆွေးနွေးကာ ပါတီ၏ ရှေ့ဆက်ပြုလုပ်မည့် လုပ်ငန်းစဉ်များကိုချမှတ်မည်ဟု သိရပြီး မီဒီယာများအတွက် သတင်းစာရှင်းလင်း ပွဲလည်း ပြုလုပ်ပေးမည်ဟု သိရသည်။

လေးပွင့်ဆိုင်ဆွေးနွေးမှုကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကအစိုးရသို့တောင်းဆိုထားပြီး ထိုဆွေးနွေး မှုတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပါဝင်သည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို လွှတ်တော်က အစိုးရသို့ တွေ့ဆုံ ဆွေးနွေးမှု ပြုရန်တိုက်တွန်းထား ကာ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူညီကြောင်း မှတ်ချက်ပေးထားပြီး လေးပွင့်ဆိုင်ရှိ နိုင်ငံ အကြီးအကဲလေးဦးအပါအဝင် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နှင့် တိုင်းရင်းသားများဖက်မှ ရွေးချယ်လိုက်သောကိုယ်စားလှယ် ဒေါက်တာ ဦးအေးမောင်တို့ ပါဝင်သည်။

သော်ဇင်စိုး
The Myanma Age

No comments:

Post a Comment

My Blog List