Thursday, December 11, 2014

ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်တို့က စစ်ဆေးမည့် လေးတန်းနှင့် ရှစ်တန်း စာမေးပွဲအကြောင်း သိကောင်းစရာ


ရွှေပြည်သာမြို့နယ်၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ဝါဝါရီနှင့် တွေ့ဆုံမေး မြန်းခြင်း။

အခြေခံပညာ လေးတန်းနှင့် ရှစ်တန်း စာမေးပွဲကို ခရိုင်စစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်ဟူ၍ ပညာရေး ဝန်ကြီးဌာနက စစ် ဆေးတော့မည်ဖြစ်သည်။ အတန်း တင် စာမေးပွဲကြီးကို လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပမည် ဖြစ်သော်လည်း အစမ်းစာမေးပွဲကို ကြိုတင်ကာဒီဇင်ဘာ ၁၆ ရက်နေ့ မှ စ၍ ပြုလုပ်မည်ဟု သိရသည်။ 

ထိုအ တွက်ေ ကြာင့် လုပ်သက်ရင့် ကျောင်းဆရာမတစ်ဦးနှင့် ပေါ်ပြူ လာနယူးစ်က တွေ့ဆုံမေးမြန်းဖြစ် သည်။ထိုအထဲမှအချို့ကို ကောက် နုတ်ဖော်ပြလိုက်ရပါသည်။

►မင်္ဂလာပါ ဆရာမရေ။ အစမ်းစာ မေးပွဲဖြေဖို့ ရက်က နည်းနည်းပဲ လိုပါတော့တယ်။ အခုဆိုရင် ဘယ်မှာ ဖြေရမယ်ဆိုတဲ့ ကျောင်း စာရင်းတွေလည်း ထွက်လာပါပြီ။ စာမေးပွဲဖြေဖို့ တစ်ပတ်အလိုမှာ လည်း ခုံနံပါတ်တွေ ထွက်လာပါ တော့မယ်။ ဒီအပေါ်မှာ လက်ရှိ ကလေးတွေအနေနဲ့ ဒီလိုမျိုး ဖြေ ဆိုမှုကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါလား။

လေးတန်းကလေးတွေဆိုလည်း သူဖြတ်သန်းခဲ့ရတဲ့ သူငယ်တန်း အပါအဝင် လေးနှစ်တာကာလမှာ ကိုယ့် ဆရာ၊ ကိုယ့် ကျောင်းက စစ်တဲ့ စာမေးပွဲတွေ ကြုံခဲ့ရတယ်။ ထို့အတူ ရှစ်တန်း ကလေးတွေလည်း ဒီဖြတ် သန်းခဲ့ရတဲ့ ရှစ်နှစ်တာ ကာလအတွင်း မှာ ကိုယ့်ကျောင်း၊ ကိုယ့်ဆရာ တွေနဲ့ပဲ ကြုံခဲ့ရတယ်။ ဒီလိုမျိုး အချိန်မှာ ရုတ်တရက် ပထမဦး ဆုံး ခရိုင်စစ်၊ တိုင်းစစ်၊ ပြည်နယ် စစ်တွေကို အခု တွေ့ရတော့မှာ ဖြစ် တယ်။ ကလေးတွေလည်း စိတ်ပူကြပါတယ်။ ထို့အတူ ကျောင်းသားနဲ့ မိဘတွေလည်း စိတ်ပူနေပါတယ်။ ဒီ့အတွက် ကျောင်းတွေဆိုရင် အချိန်ပိုတွေ ခေါ်သင်ပေးတာ၊ မိဘတွေဆို လည်း အိမ်မှာ ဖိဖိစီးစီး စာသင် ပေးနေတာ၊ ဒါ့အပြင် ကလေးတွေ လည်း စာတွေကို သေသေချာ ချာ ကျက်နေတာမျိုးတွေ လုပ်ကြ တယ်။ ဒီ့အတွက် တော်တော်များ များကတော့ ဖြေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့လည်းပဲ ကျောင်း သား၊ ကျောင်းသူတွေရဲ့ အရည်အချင်းက တစ်မျိုးတည်း မဟုတ်တော့ အရည်အချင်း နည်း နည်းနိမ့်တဲ့ ကလေးတွေအတွက် ကတော့ နည်းနည်းခက်ခဲပါတယ်။
►ပညာရေး ဝန်ကြီးဌာန ဘက်က ဒီလိုမျိုး စာမေးပွဲစစ်မယ်လို့ တပ် လှန့်ထားပေမယ်လို့ပြီးခဲ့တဲ့အောက် တိုဘာ၊ နိုဝင်ဘာလကအထိ ခုံနံပါတ်စာရင်းတွေ ဖြေဆိုရမယ့်   ကျောင်းစာရင်းတွေ စတာတွေက ကြိုတင်ပြီး မထွက်သေးတာ ကြောင့် အချို့ကလည်း မလုပ်နိုင် လောက်သေးဘူးလို့ ထင်နေကြတဲ့ သူတွေရှိတယ်။ အခု လက်တွေ့မှာ တကယ် ဖြစ်လာပြီဆိုရင် ဒီအ ပေါ် ဘာပြောချင်လဲ။
ထွေထွေထူးထူးတော့ သိပ် ပြောစရာ မရှိဘူး။ ဒီခေတ်က ဆက်သွယ်ရေးတွေလည်း ကောင်း နေတော့ အခြေခံပညာကျောင်း တိုင်းက ကြိုတင်ပြင်ဆင် ထား ပြီးပါပြီ။ မလုပ်တော့ဘူးဆိုတဲ့ ကောလာဟလက အပြင်မှာပဲ ထွက်တာပါ။ အခုခေတ်က လုပ် မယ်ဆို ချက်ချင်း ထလုပ်တဲ့ အတွက် ကျောင်းတိုင်းကတော့ ပြင်ဆင်ထားပြီးပါပြီ။
►အရင်တုန်းကနာရီဝက်လေးဆယ့် ငါးမိနစ် အချိန်နဲ့ အခုတစ်နာရီခွဲ၊ နှစ်နာရီအချိန် မေးခွန်းမျိုးတွေ က ဘာတွေများ ကွာခြားမလဲ။
အရင်တုန်းကတော့ အခန်း ဆုံး စစ်ဆေးမှုတွေကို တစ်ဘာ သာ ၂၅ မှတ်၊ တချို့ ကျောင်းတွေ ကိုလည်း အမှတ် ၅ဝ ဖိုး မေးခွန်း ထုတ်ကြတယ်။ ပြီးမှ အမှတ် ၁ဝဝ   ဖြစ်အောင် မြှောက်ကြတယ်။ တချို့ကလည်း မမြှောက်ဘူး။ ဒီ အတိုင်းပဲ သွားတယ်။ အခုဟာက နှစ်စကနေပြီး ပြီးခဲ့တဲ့လအထိ သင်တဲ့သင်ရိုးအကုန်လုံးကို မေး မှာ ဆိုတော့ အရင်တုန်းက ထက် စာရင် ကလေးတွေ စာပိုကျက်ရ တာပေါ့။ နမူနာမေးခွန်းပုံစံတွေ လည်း ထွက်ထားတဲ့အတွက် ဒီ အပေါ်ကို ဆရာ၊ ဆရာမတွေ လည်း ကြည့်ပြီး သင်နေပါတယ်။ သင်ကြားရေး နှောင့်နှေးမှုရှိတဲ့ ကျောင်းတွေဆိုနည်းနည်းအခက် အခဲ တွေ့လိမ့်မယ်။ ဒါပေမဲ့ ဒါက ရှိခဲ့ပါတယ်။
►အခု ကျင်းပမယ့် အစမ်းစာမေးပွဲ အောင်စာရင်းက ဘယ်လိုမျိုး ရှိ မလဲ။
အစမ်းဆိုတဲ့အတွက် အစမ်း လေ့ကျင့်တဲ့သဘောပဲ ရှိပါတယ်။ အောင်စာရင်းကိုတော့ Grade  နဲ့  သတ်မှတ်ပေးမယ်။ အမှတ် ၁ဝဝ ကနေ ၈ဝ ရသူ A၊ ၇၉ ကနေ ၆ဝ ကိုB၊ ၅၉ ကနေ ၄ဝ ကို C ၊ ၃၉ ကနေ အောက်ကို D ဆိုပြီး သတ်မှတ်ပေးမှာပါ။ အောင် မှတ်ကတော့ အမှတ် ၄ဝ ပါ။  လေးတန်းနဲ့ ရှစ်တန်းကတော့ ဒီ အတိုင်းပဲ သွားမှာပါ။
►ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေ မှာ စာစစ်ဌာနမဖွင့်ပေးဘူး။ ကိုယ့်ကျောင်းနဲ့ ကိုယ်လည်း မဖြေရဘူးလို့ သိထားပါတယ်။ ဒါ တွေက လေးတန်းနဲ့ ရှစ်တန်း စာ မေးပွဲ ပုံစံကို တိတိကျကျ လုပ် လိုက်တာလား။
မှန်ပါတယ်။ အခုဆိုရင် ဘယ်ကျောင်းသားတွေက ဘယ် မှာ ဖြေရမယ်ဆိုတဲ့ စာရင်းတွေ က ထွက်လာပါပြီ။ အရင်က အစိုးရစစ်အတိုင်း လုပ်လိုက်တာ ပါ။ ဒီ့အတွက် ပိုပြီး တိတိကျကျ ဖြစ်သွားတာပေါ့။
►အတန်းတင်စာမေးပွဲကရော ဘယ်လိုပုံစံမျိုးနဲ့ သွားမယ်လို့ ပညာရေးဝန်ကြီးဌာနဘက်က ပြောကြားထားပါသလဲ။
လေးတန်းမှာတော့ အတန်း တင်မှာကျရင် ပြန်လည် ကုစား ခြင်းဆိုတဲ့ ကျတဲ့ ဘာသာရပ်  ပြန်ဖြေစနစ် ရှိပေမယ့် ရှစ်တန်း ကတော့ အတန်းတင်မှာကျရင်   တော့ ပြန် လည် ကုစားခြင်းဆိုတဲ့ စနစ် မရှိပါဘူး။ အောင်မှတ် မရ ရင် စာမေးပွဲ ချမှာပါ။ အဲဒီလို သိ ထားပါတယ်။
►မေးခွန်းပုံစံတွေထဲမှာ ကျောင်း သားတွေကို Óဏ်စမ်းပုံစံမျိုးတွေ ထည့်မေးထားတာမျိုးတွေ ရှိပါ သလား။
နမူနာ မေးခွန်းပုံစံထဲမှာ ထည့်ထားတာမျိုး မတွေ့ရပါဘူး။ အဓိက ကတော့ သင်ရိုးညွှန်းတန်း ထဲကအတိုင်း မေးတာပါ။

►ကျန်တဲ့ အတန်းတွေကိုရော ဘာ သံ ကြားသေးလဲ။
၅ တန်း၊ ၆ တန်း၊ ၇ တန်းတွေလည်း စာမေးပွဲ ခုနစ်ခါ ဖြေရမယ်။ အဲဒီ ခုနစ်ခါလုံးကို ပေါင်းပြီး ပျမ်းမျှအမှတ်နဲ့ စာမေး ပွဲ အအောင်အရှုံးသတ်မှတ်မယ်လို့ သိထားပါတယ်။ အဲဒီ ပျမ်းမျှ အောင်မှတ်မှမရဘူးဆိုရင် ကလေး တွေကိုအရင်လို အောင်မှတ်ပေး တော့မှာ မဟုတ်ဘူးလို့ သိထားပါ တယ်။
ခုလို ဖြေပေးတာကို ကျေးဇူးတင် ပါတယ်။

Popular Myanmar News Journal 

No comments:

Post a Comment

My Blog List