Wednesday, December 10, 2014

တောင်တရုတ်ပင်လယ်အရေး အမေရိကန်အစီရင်ခံစာ တရုတ် ပြစ်တင်ရှုတ်ချ


တရုတ်ရဲ့ တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုကြေညာချက်နဲ့ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ အစီရင်ခံစာ ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒါဟာအငြင်း ပွားမှုအတွင်း ဘက်မလိုက်ဘူးဆိုတဲ့ အမေရိကန်အစိုးရရဲ့ ကတိကိုဆန့်ကျင်နေတယ်လို့လည်း ပြောပါ တယ်။

တရုတ်ဟာ သဘာဝဓာတ်ငွေ့ ရေနံနဲ့ သတ္တု ကြွယ်ဝတယ်လို့ ယုံကြည်နေကြပြီး အရေးပါတဲ့ ပင်လယ်ခရီး သွားလမ်းကြောင်းတွေရှိရာ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောထား ပါတယ်။

ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တိုင်ဝမ်တို့ကလည်း တောင်တရုတ်ပင်လယ် ပိုင်နက်တွေကို သူတို့ပိုင်တယ်လို့ပြောရင်း တရုတ်နဲ့ ပိုင်နက်အငြင်းပွားနေပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန်အစိုးရ အစီရင်ခံစာထဲ မှာတော့ တရုတ်ရဲ့ အခိုင်အမာ
ပြောဆိုချက်က မရှင်းလင်းဘဲ ရှေ့နောက်မညီ ဘူးလို့ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟောင်လီက တရုတ်ရဲ့ အခွင့်အရေး ဟာ သမိုင်းဆိုင်ရာ ခိုင်လုံမှုအပေါ် အခြေခံတယ်လို့ ဘေကျင်းမြို့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုအတွက် ဖိလစ်ပိုင်က နိုင်ငံတကာ တရားရုံးကနေ ဖိအားပေးခဲ့ လို့ ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ်ဟာ ဖိလစ်ပိုင်ကို လူသိရှင်ကြား ရှုတ်ချခဲ့ပါတယ်။ ဒီအမှုကို တုံ့ပြန် ဖို့နောက်ဆုံးအချိန် မတိုင်မီ တပတ်အလို အမှုမှာ ပါဝင်ဖို့ကို ထပ်ငြင်းလိုက်ပါတယ်။

တရုတ်က ရေပိုင်နက်အရေးကို ခုံသမာဓိအဖွဲ့နဲ့ ဖြေရှင်းတာကို ကာလကြာရှည် ပယ်ချခဲ့ပြီး အပြန်အလှန်
ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းမယ်လို့ တသမတ်တည်း ပြောခဲ့ပါတယ်။ တရားရုံးကတော့ တရုတ်ကို အကြောင်းပြန်ကြားဖို့ ဒီဇင်ဘာ ၁၅ ရက်နေ့ထိ အချိန်ပေး ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List