Tuesday, December 09, 2014

ဖမ်းဆီးခံမြန်မာလူငယ် ၂ ဦး ၇၀ ရာခိုင်နှုန်း အပြစ်ကင်းလွတ်ကြောင်း ရှေ့နေပြော


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန် လူသစ်မှုနဲ့ စွဲချက်တင် ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ ဒီအမှုမှာ အပြစ် ကနေ ၇၀ ရာခိုင်နှုန်းမက ကင်းလွတ်တယ်လို့ ယုံကြည်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောဆိုလိုက်ပါတယ်။

ကော်စမွီခရိုင် တရားရုံး မှာ ဒီဇင်ဘာ ၈ ရက်နေ့က စစ်ဆေးခံနေရတဲ့ မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကလည်း ပြစ်မှုကျုးလွန်ခြင်း မရှိကြောင်း ထွက်ဆိုထားပါတယ်။

မြန်မာသံရုံးအထူးအဖွဲ့ အတွင်းဝန် ဦးထွန်းအေးကတော့ မြန်မာ ၂ ဦး ထိုင်းနိုင်ငံကနေ ထွက်မပြေးနိုင်တဲ့ အာမခံရအောင် စီစဉ်နေတယ်လို့ ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။

အမှုကို ဆက်လက် စစ်ဆေးဖို့ လာမယ့်နှစ် ဖေဖေါ်ဝါရီ ၂၅ ရက်နေ့မှာ ထပ်မံ ချိန်းဆိုထားပါတယ်။ လူသတ်မှု စွပ်စွဲခံထားရတဲ့ မြန်မာ လူငယ် ၂ ဦးကို တရားရုံးက ပြစ်မှု ၇ ခုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းရဲက သူတို့နှစ်ဦးကို အောက်တိုဘာ ၂ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့တာပါ။

မြန်မာအလုပ်သမား အမှုအတွက် ထိုင်းရှေ့နေများကောင်စီနဲ့ မြန်မာသံရုံး အထူးအဖွဲ့တို့က လိုက်ပါ ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List