မလေးရှား ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့တဲ့ နေရာ အနီးမှာ ယူကရိန်းစစ်တပ်တွေနဲ့ ရုရှားလိုလားတဲ့ သူပုန်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် သြစတြေးလျ နဲ့ ဒတ်ခ်ျ စုံစမ်းရေးအဖွဲ့တွေဟာ အဲဒီဒေသအတွင်းကို ၀င်ရောက်ဖို့ ခက်ခဲနေပါတယ်။
တကယ်ဆိုရင် လေယာဉ် ပျက်ကျတဲ့ ဇုန်ဟာ အပစ်ရပ်ဖို့ သဘောတူ ထားခဲ့ပေမယ့် လောလော ဆယ် အခြေအနေ မှာတော့ အဲဒီ သဘောတူညီချက် ပျက်ပြားနေပါတယ်။
အဲဒီဒေသကို ခွဲထွက်ရေး သူပုန်တွေရဲ့ လက်ထဲကနေ ပြန်ရဖို့ အတွက် ယူကရိန်း အစိုးရက အပြင်း အထန် ထိုးစစ် ဆင်နေပါတယ်။
ခွဲထွက်ရေး သူပုန်တွေ သိမ်းယူ ထားတဲ့မြို့လယ် ကနေတောင် သေနတ်သံတွေ ကြားနေရတဲ့ အတွက် လေယာဉ် ပျက်ကျတဲ့ ဇုန်ဟာ လုံခြုံမှု မရှိတဲ့ အနေ အထားမှာ ရောက်နေပါတယ်။
ရုရှားလိုလားတဲ့ သူပုန်တွေ တပ်ဆုတ်နေပြီလို့ ယူကရိန်းတပ်တွေက ယူဆတဲ့အတွက်လည်း ဒီအခြေအနေ ကို အခွင့်ကောင်းယူပြီး ယူကရိန်းဘက်က ထိုးစစ်တွေ ဆင်နွှဲနေတာလည်း ဖြစ်ပါတယ်။
ABC
No comments:
Post a Comment