Thursday, July 31, 2014

ဘဏ္ဍာရေးစနစ်သစ်အရ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် နှစ်စဉ်အရှုံးပေါ်ပါက ပုဂ္ဂလိကပိုင်ပြုလုပ်ရမည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတင်ပြ


ဘဏ္ဍာရေးစနစ်သစ်အရ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် နှစ်စဉ်အရှုံးပေါ်ပါက ပုဂ္ဂလိက ပိုင်ပြုလုပ်ရမည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ဇူလိုင် ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော် သို့ တင်ပြခဲ့သည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် "ဘဏ္ဍာရေးစနစ်သစ် အရ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် အမြတ်ရရှိခဲ့ပါက အသားတင်အမြတ်၏ ရာခိုင်နှုန်း ၂၀ အား နိုင်ငံတော်ထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရန်နှင့် ၂၅ ရာခိုင်နှုန်း ၀င်ငွေခွန်အဖြစ် ပေးဆောင်ရန်ဖြစ် ပါကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ကျန်အသားတင်အမြတ်ကို ဘဏ္ဍာရေးနှစ်ကုန် ဆုံးသောအခါ ၎င်းင်းတို့၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေအဖြစ် နောက်ဘဏ္ဍာရေးနှစ်သို့ သယ်ဆောင် သွားနိုင် မည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ပိုငွေပေါ်ပေါက် ခဲ့ပါက အစိုးရငွေတိုက်လက်မှတ်များ ၀ယ်ယူခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းတစ်ခုမှ အခြားစီးပွားရေးအဖွဲ့အစည်းတစ်ခုသို့ ငွေထုတ်ချေးခွင့် မရှိပါကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းအနေဖြင့် နှစ်စဉ်အရှုံးပေါ်ပါက သက်ဆိုင်ရာဝန်ကြီး ဌာနမှတစ်ဆင့် အစိုးရအဖွဲ့သို့တင်ပြ၍ ပုဂ္ဂလိကပိုင်ပြုလုပ်မည်ဖြစ်ပါကြောင်း သိရပါသည်" ဟုပါရှိသည်။

ထို့အပြင် ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအတွက် ဘဏ္ဍာရေးစနစ်သစ်ကို စတင်ကျင့်သုံးရန် ချမှတ်ခဲ့ကြောင်း၊ ဘဏ္ဍာရေးစနစ်သစ်တွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့ အစည်းများသည် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်နေ ရာမှ မိမိကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်ဆောင်ရွက်သည့် ဘဏ္ဍာရေးစနစ်သို့ ပြောင်းလဲကျင့်သုံး မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ၌ မှီခိုအားထားခြင်းမပြုဘဲ မိမိဘဏ္ဍာရန်ပုံငွေ အပေါ်တွင် မိမိရပ်တည်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်မှ မိမိဘဏ္ဍာ ရန်ပုံငွေအစီအစဉ်သို့ ပြောင်းလဲဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနိုင် သဖြင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အသုံးစရိတ်ကို တစ်ဆင့်ပြီး တစ်ဆင့်ပြောင်းလဲရန်အစီအစဉ်ကို ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၂-၂၀၁၃ ခု၊ ဘဏ္ဍာနှစ် သည် ငွေကြေးအစီအစဉ်ပြောင်း လဲခြင်း၏ အစပိုင်းအချိန်ဖြစ်သဖြင့် ပထမအဆင့်အနေဖြင့် ကုန်ထုတ် လုပ်မှု စရိတ်မှ ကုန်ကြမ်းဝယ်ယူခြင်း၊ အသုံးစရိတ်ကို မိမိကိုယ်ပိုင်ရန်ပုံငွေဖြင့် ကျခံသုံးစွဲရန်ဖြစ် ပါကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် မိမိကိုယ်ပိုင်ရန်ပုံငွေဖြင့် လုပ်ငန်းများဆောင် ရွက်ရန်အတွက် လိုအပ်သောငွေကို လှည့်ပတ်ရန်ပုံငွေအဖြစ် နိုင်ငံတော်ဘဏ်များမှ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ချေးငွေများ ရယူဆောင်ရွက်နိုင်ပါကြောင်း၊ ကျန်ကုန်ထုတ်လုပ်မှု စရိတ် များ၊ စီမံခန့်ခွဲမှုစရိတ်၊ ရောင်းချဖြန့်ဖြူးမှုစရိတ်၊ တီထွင်မှုနှင့် သုတေသနစရိတ်၊ ကြွေးမြီအသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေစာရင်းမှ ကျခံသုံးစွဲရမည်ဖြစ် ပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မတိုင်မီက နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများ၏ ရငွေ၊ သုံးငွေအားလုံးကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြပြီး နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ သည် ရငွေ အားလုံးကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရပြီး အသုံးစရိတ်အားလုံးကို ဘတ်ဂျက် လျာထားချက်အတိုင်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရ ပါကြောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသည် ရရှိလာသော အသားတင်အမြတ်၏ ရာခိုင်နှုန်း ၃၀ ကို ၀င်ငွေခွန် အဖြစ်ပေးဆောင် ရ၍ ရာခိုင်နှုန်း ၇၀ ကို နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ထည့်ဝင်ခဲ့ရကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List