Thursday, July 31, 2014

အင်န်စီစီတီမှ ချမှတ်ထားသော မူဝါဒများနှင့် ဆုံးဖြတ်ချက်များ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရေး ABSDF သဘောတူ ထိပ်သီးဆွေးနွေးပွဲမှ သဘောတူ ညီခဲ့သည့် ကော်မတီငါးရပ်ဖွဲ့စည်းရေး ယနေ့ဆက်ဆွေးနွေးမည်


ကေအိုင်အို ဌာနချုပ်လိုင်ဇာတွင်ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲ (Ethnics Armed organizations' meeting)  ပထမ နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဗဟိုညှိနှိုင်းမှုအဖွဲ့ အင်န်စီစီတီ၏ ဆုံး ဖြတ်ချက်မူဝါဒများကို အပြည့်အဝပူး ပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး  ABSDF က သဘောတူညီခဲ့ကြောင်း သိရသည်။

အဆင့်နှစ်ဆင့်ဖြင့် ကျင်းပနေသည့် လိုင်ဇာဆွေးနွေးပွဲ ဒုတိယအဆင့်၏ ပထမနေ့တွင် အင်န်စီစီတီအ ဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ၊ အင်န်စီစီတီ အဖွဲ့ဝင် မဟုတ် သည့် အဖွဲ့စည်းနှစ် ဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုက ရက်တစ်တပ်ဦး ABSDF နှင့် ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA  တို့ တက်ရောက်ခဲ့ကြပြီး ကျောင်းသား တပ်မတော် ABSDF က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆွေး နွေးပွဲတက်ရောက်ခဲ့သည့်  ABSDF ကျောင်းသားတပ်မတော်မှ ဗဟိုအ လုပ်အမှုဆောင် တစ်ဦးဖြစ်သည့် ရဲ ဘော် ဆလိုင်းယောအောင်က ''ကျွန် တော်တို့ အေဘီကျောင်းသား တပ်မ တော်အနေ့နဲ့ကတော့ ဒီအင်န်စီစီ တီရဲ့ မူဝါဒကိုလက်ခံတယ်။ မူကြမ်းကိုလဲ လက်ခံတယ်။ ရှေ့မှာလဲ အင်န်စီစီတီနဲ့ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကို ကျွန်တော်တို့ ABSDF က သဘောတူတယ်။ ကျွန်တော်တို့ရှေ့မှာ အေဘီအနေနဲ့ အင်န်စီစီတီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးကိစ္စတွေမှာ ပူး ပေါင်း ဆောင် ရွက်သွားဖို့ရှိနေပါတယ်'' ပြောသည်။

ဆွေးနွေးပွဲပထမနေ့တွင် အင်န် စီစီတီအဖွဲ့ဝင်မဟုတ်သော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း  RCSS/SSA  နှင့် ကျောင်းသားတပ် မတော်တို့ အား အစိုးရနှင့် အင်န်စီစီ တီတို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည့်အခြေအနေ၊ အင်န်စီစီတီထိပ်သီးအစည်းဝေးမှ သဘော တူညီချက်များ စသည်တို့ကို ရှင်းပြခဲ့ပြီး ကျောင်းသားတပ်မတော်အနေနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက် ရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်တွေတင်မကဘဲ ကျောင်းသားတွေက ပါ ပါလာတာကောင်းတယ်။ အေဘီရယ်၊ အာရ်စီအက်စ် အက်စ်ရယ်ပဲလာ နိုင်တယ်။ နောက်သုံးဖွဲ့လောက်က မလာနိုင်ဘူး။ ဘာပဲ ဖြစ်ဖြစ် ဒါကတိုး တက်တဲ့အနေအထား၊ တိုးတက် တဲ့သ ဘောတွေရှိတယ်။ နောက်နိုင်ငံရေး ဆွေးနွေးဖို့အတွက် ဘုံသဘော တူညီချက်တစ်ရပ်က ရပြီးသားဖြစ်နေတယ်။ မူကြမ်းကို သဘောတူတယ်။ တကယ် ပူးတွဲလုပ်ဖို့ကျတော့ အေဘီကတော့ အပြည့်အဝလက်ခံတယ်။ အာရ်စီအက်စ်အက်စ်ကတော့ မူအားဖြင့် လက်ခံတယ်။ သဘောတူကြောင်း လက်မှတ်ထိုးဖို့နဲ့ အပြည့်အဝပူး ပေါင်းဆောင်ရွက်ဖို့ကတော့ RCSSကိုယ်စားလှယ် အနေနဲ့ ဆုံးဖြတ် ခွင့်မရှိဘဲ ထိပ်ကခေါင်းဆောင်ကို တင်ပြရမယ်၊ သဘောထားရယူရ မယ်လို့ပြောနေ
တယ်''ဟု ဆွေးနွေးပွဲတက် ရောက်ခဲ့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ဥက္ကဋ္ဌ ခွန်းအေ ဘယ်လ်တွီဒ်က ဒီမို ကရေစီတူဒေးသို့ ပြောသည်။

လိုင်ဇာမြို့တွင် လေးရက်ကြာ ကျင်းပခဲ့သော ဆွေးနွေးပွဲပထမဆင့် ဖြစ်သည့် အင်န်စီစီတီထိပ်သီးအစည်း အဝေးတွင် အချက်(၁၀)ချက်ကို အကောင်ထည်ဖော်ရန် သဘောတူညီခဲ့ကြပြီး ယင်းအချက်များတွင် ဒီမို ကရေစီအရေး၊ တန်းတူရေးကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည် ထောင်ရေး၊ အစိုးရက လက်မခံနိုင်သည့် တော်လှန်ရေးဆိုသည့် စကားလုံးနှင့် ပတ်သက်ပြီး ခေါင်းစီးတွင် မထည့်သွင်းဘဲ စာကိုယ်တွင်သာ ထည့်သွင်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် အတားဆီးများအား တတ်နိုင်သမျှ ကျော်လွှား နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားရန်၊ မျဉ်းပြိုင်ဖြစ်စဉ် သဘော ဆောင် သည့် အပစ်ရပ်ဆွေးနွေးနေရင်း နိုင်ငံရေးဆွေးနွေးပွဲများအတွက် ပြင်ဆင်သွားရန်နှင့် မူဘောင်ရေးဆွဲ သွားရန်၊စသည့်အချက်များ အဓိက ပါဝင်သည်ဟု သိရသည်။

အင်န်စီစီတီ ထိပ်သီးဆွေးနွေးပွဲမှ ဖွဲ့စည်းရန်သဘောတူခဲ့သည့် ကော်မတီ (၅)ရပ်၏ ဖွဲ့စည်းရေးနှင့်ပတ် သက်ပြီး ဇူလိုင် ၃၁ရက်တွင် ဆက် လက်ဆွေးနွေးကြမည်ဟု သိရသည်။ ယင်း ကော်မတီ (၅)ရပ်မှာ နိုင်ငံ ရေးဦးဆောင်ဆွေးနွေးမှုကော်မတီ၊ ဘက်မလိုက်သည့် အပစ်ရပ် စောင့် ကြည့်လေ့လာရေး အဖွဲ့များ ပေါ် ပေါက်လာရေးအတွက် ပြင်ဆင်မှု ကော်မတီ၊ နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်ရေးဆွဲရေးရန် အတွက် လုပ်ငန်းကော်မတီ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များနှင့် တပ်နေရာချထားရေးကိစ္စရပ်များအတွက် ပြင် ဆင်ရေးလုပ်ငန်းကော်မတီနှင့် လူသားချင်းစာနာမှုနှင့် ပြန်လည်ထူ ထောင်ရေးဆိုင်ရာလုပ်ငန်းများ အ ကောင်ထည်ဖော်မှုကော်မတီတို့ဖြစ် ကြောင်း သိရသည်။     

STAL
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List