Wednesday, July 30, 2014

ပဋိပက္ခကြိုတင်အသိပေးစနစ် အကောင်အထည်ဖော်ရန် စီစဉ်



တိုက်ပွဲများကြိုတင် ကာကွယ်နိုင်ရန်အတွက် ပဋိပက္ခကြိုတင်သတိပေးစနစ် အကောင်အထည်ဖော်ရန် ပြင်ဆင်မှုလုပ်နေကြောင်း မြန်မာနိုင်ငံငြိမ်းချမ်း ရေးပြန်လည်ထူထောင်ရေးဗဟိုဌာနမှ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူးဒေါက်တာ မင်းဇော်ဦး ကပြောသည်။
ယင်းစနစ်သည်အစိုးရတပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားမြေပြင်အချက်အလက်များကောက်ယူသုတေသနပြု၍ ပဋိပက္ခဖြစ်ပွား မည့်အရိပ်အယောင်ကို ကြိုတင် တွေ့ရှိနိုင်ပြီး ယင်းမှရရှိသည့် တွေ့ရှိချက်အပေါ်မူတည်၍ အ ခြေ အနေကို နှစ်ဖက်အဖွဲ့အစည်း နှင့် လူမှုအဖွဲ့အစည်းများသိရှိရန် သတင်းပြန်ကြား၍ ပဋိပက္ခမဖြစ် ရေးကြိုတင် ကာကွယ်ရန် အချက် ပေးမည့် စနစ်ဖြစ်သည်။

‘‘ပြည်ထောင်စုအင်စတီကျု့ဒ်ကိုလည်း တင်ပြထားပြီးပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေဘက်နဲ့ ဆွေးနွေးဖို့လည်း ပြ ဿနာမရှိပါဘူး။ အခုတစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးပြီးရင် ဒီစနစ်ကိစ္စကိုပြောရတော့မှာပါ’’ဟု ၎င်းက ပြောသည်။

ပဋိပက္ခကြိုတင်သတိပေးစနစ်အတွက် အချက်အလက်များစု ဆောင်းထားပြီး အမေရိကန်အစိုးရ၏ ပဋိပက္ခကြိုတင်သတိပေး စနစ်လုပ်ငန်းခွင်တွင် အတွေ့ အကြုံခုနစ်နှစ်ခန့် ရှိထားသူ အပါအ၀င် ပညာရှင်အချို့လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးဗဟိုဌာနတွင် အဆင် သင့်ရှိနေပြီဟု ဆိုသည်။

နိုင်ငံတကာတွင် ဤစနစ်အ ကောင်အထည်ဖော်ရန်အတွက် သုံးနှစ်ခန့်အချိန်ယူ ပြင်ဆင်ရလေ့ ရှိပြီး အမေရိကန်ဒေါ်လာတစ် သန်းခွဲမှ သုံးသန်းအထိကုန်ကျ လေ့ရှိသည်။ မြန်မာနိုင်ငံအနေ ဖြင့်ငွေကြေး၊ ရင်းမြစ်နှင့် ပစ္စည်း ကိရိယာ များအားစစချင်းတွင်နိုင် ငံတကာနှင့်အပြိုင်သုံးနိုင်မည်မ ဟုတ်ဘဲ ပြည်တွင်းရှိ နည်းပညာ ရှင်များအပေါ် အဓိကအားထား လုပ်ကိုင်ရမည်ဟုဆိုသည်။

အမေရိကန်အစိုးရအနေဖြင့် ကုန်ကျစရိတ်ကို အစိုးရဘတ် ဂျက်မှကျခံလေ့ရှိ သည်။ နိုင်ငံတကာအဖွဲ့အစည်းများ၏ ဘတ် ဂျက်နှင့် လည်ပတ်နေသည့် မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးဗဟိုဌာနအနေဖြင့်မူ ယခုပဋိပက္ခကြိုတင် သတိပေး စနစ်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဘတ်ဂျက်ညှိနှိုင်းနေဆဲဟုဆိုသည်။

7Day Daily

No comments:

Post a Comment

My Blog List