Saturday, August 02, 2014

ယောက်င်္ကျားမရှိဘဲ ကလေးရလိုတဲ့ ကေတီပယ်ရီ


အဆိုတော် ကေတီပယ်ရီသည် ယောင်္ကျား တစ်ဦးမရှိဘဲ ကလေးရလိုသည်ဟု ထုတ်ဖော် ပြောကြားခဲ့ပြီး မိမိတို့သည် လက်ရှိ အနာဂတ်တွင် နေထိုင်နေသူများ ဖြစ်သည်ဟုလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့ သည်။

ကေတီပယ်ရီသည် ယခုနှစ် အစောပိုင်းက ဂျွန်မေရာနှင့် လမ်းခွဲခဲ့ပြီးနောက် လတ်တလောတွင် တေးထုတ် လုပ်သူ ဒစ်ပလိုနှင့် တွဲလျက် ရှိသည်။ ၎င်းအနေဖြင့် မိခင်တစ်ဦး ဘဝမျိုး ခံယူရန် ဆန္ဒမရှိသေးဟု ဝန်ခံ ထားသည်။ 

အသက်၂၉နှစ်ရှိပြီဖြစ်သည့် အေတီပယ်ရီသည် ကလေးယူရန်အဆင်သင့် မဖြစ်သေးခြင်းကြောင့် ၂ဝ၁၁ခုနှစ်အတွင်းက ခင်ပွန်းဟောင်း ရက်ဆဲလ်ဘရန်း နှင့် ကွဲခဲ့ခြင်း ဖြစ်သည်ဟုလည်း ယခင်က ဝန်ခံ ပြောကြားခဲ့ဖူးသည်။

“ကျွန်မအတွက် ယောက်င်္ကျားကောင်း တစ်ယောက် ရဖို့မလိုပါဘူး ။ အခု၂ဝ၁၄ခုနှစ်ကို ရောက်နေပြီ။ကျွန်မ တို့ အကုန်လုံးက အနာဂတ်ကာလထဲမှာ နေထိုင်နေတဲ့သူတွေပါ ကျွန်မတို့အတွက် ဘာမှမလိုပါဘူး။ ကျွန်မ က ယောင်္ကျား မုန်းတီးရေး ဝါဒရှိနေတဲ့ သူတော့ မဟုတ်ပါဘူး။ ကျွန်မ ယောင်္ကျားတွေကို ချစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်မကို ကာကွယ်ပေးနိုင်မဲ့သူမျိုးမရှိဘူးဆိုရင်လည်း ရွေးချယ်စရာတွေ ရှိပါတယ်။”ဟု ကေတီ ပယ်ရီ က Rolling Stone Magazine ကိုပြောကြား ခဲ့သည်။

ကေတီပယ်ရီသည် ယခုလထုတ် Rolling Stone Magazine မျက်နှာဖုံးတွင် အစိမ်းရောင် ဆံကေသာဖြင့် အရောင်စုံ အဆင်များပါသည့် အင်္ကျီကို ဝတ်ဆင်ကာ ညှို့အားပြင်းသည့် နှုတ်ခမ်း တစ်စုံပေါ်တွင် ၎င်း၏ လက်ချောင်း ကိုတင်၍ မျက်နှာဖုံးရှင် အဖြစ် သရုပ်ဆောင် ပေးထားသည်။

ကေတီ အစ်မ အင်ဂျဲလာဟတ်ဆန်သည် ဖေဖော်ဝါရီလ အတွင်းက ၎င်း၏ ပထမဆုံး ကလေးကို မွေးဖွား ခဲ့ပြီး ယင်းကိစ္စသည် ကေတီအနေဖြင့် မိခင်တစ်ဥိး ဘဝကို ခံယူရန် အသင့်မဖြစ်သေးသည်ကို မီးမောင်း ထိုးပြလိုက် သကဲ့သို့ ဖြစ်စေခဲ့သည်ဟု daily mirror သတင်းစာက ရေးသားထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List