Thursday, July 31, 2014

သမ္မတကြီးက မနွေးထွေးဘူးလို့ပြောတဲ့ နိုင်ဇော်


နိုင်ငံတော်သမ္မတက ရုပ်ရှင်အနုပညာသမားတွေနဲ့တွေဆုံခဲ့တဲ့အပေါ်မှာ သမ္မတကြီးက နွေးထွေးမှုမရှိ ဘူးလို့ lay နာမည်ကျော် ဂီတအဖွဲ့ဖြစ်တဲ့ Lazy Club ကနိုင်ဇော်က ဆိုပါတယ်။ “သမ္မတကို ဘာပြောမလဲ ဆိုတဲ့အလုပ် အကိုဘယ်တော့မှမလုပ်ဘူး။ စိတ်လည်းမ၀င်စားဘူး။ လွတ်လွတ် လပ်လပ်နဲ့ ဥပမာ ဒေါ်စု နဲ့တွေကြတဲ့ အနုပညာသမားတွေဆိုရင် ဘယ်စကားလုံးမှ ညှိစရာမလိုဘူး။ သူလည်း မိတ်ဆက်တယ်။ကိုယ်လည်း မိတ်ဆက်တယ်။ အဲဒီလို နွေးနွေးထွေးထွေး ဖြစ်သင့်တယ်”လို့ နိုင်ဇော်က ဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း အနုပညာရှင်များနှင့် ပထမဆုံးတွေ့ဆုံပွဲကို ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)မှာဇူလိုင် ၂၁ ရက်က ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့က တွေ့ဆုံပွဲမှာ ဂီတအစည်းအရုံးက ဦးဆောင်တွေ့ပြီး ဥက္ကဌက အနုပညာရှင်တွေကိုယ်စား သမ္မတကို  စကားပြောခဲ့တာဖြစ်ပြီး ဒါက ဒီလိုခေတ်ကြီးမှာ မဖြစ်သင့်တော့ဘူးလို့ သူကဆိုပါတယ်။

“အခုမြင်တာက ဘာမှမပြောင်းလဲဘူးဆိုတာ အကိုအခုလှမ်းတွေ့လိုက်ရတယ်။ဘာဖြစ်လို့လည်းဆိုတော့ အစည်းရုံးတွေမှန်သမျှ သမ္မတနဲ့ တွေ့မယ်ဆိုရင်လူရွေးမယ်။ သူတို့ ပြောမယ့်စကားရွေးတယ်။ သူတို့နဲ့ အတိုက်အခံလူမဖြစ်အောင် သူတို့လူသူတို့ရွေးပြီး သူတို့ဖဲသူတို့ ကုလားဖန်ထိုးသွားတာ။ဒီဘက်ခေတ်မှာ မရှိသင့်တော့ဘူး။ ဒါကဒီမိုကရေစီခေတ် အားလုံးပွင့်လင်းမြင်သာတဲ့ခေတ်မှာ သမ္မတနဲ့ တွေ့ပါမယ်လို့ ခေါ်တဲ့အထဲမှာ ဘယ်သူမှမပါဘူး။ အကိုလည်းမသွားချင်ဘူး” လို့ နိုင်ဇော်က ပြောလိုက်ပါတယ်။

သမ္မတနဲ့တွေ့ဖို့ လူရွေးခေါ်တာနဲ့ ပတ်သက်လို့ သမ္မတက ဂီတသမားအစစ်ကို တွေ့ချင်တာလား။ ဂီတ သမားအစစ်ကို တွေ့ချင်ရင်တော့ အကျီ င်္စုတ်၊ ပုဆိုးစုတ်နဲ့ ဖြစ်ချင်ဖြစ်မယ်။ သမ္မတနဲ့တွေ့ဖို့ နက်ခ်တိုင်တော့ တပ်လာပါဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

သမ္မတနဲ့ အနုပညာရှင်တွေရဲ့ တွေ့ဆုံပွဲဟာ သတင်းစာထဲပါတာကလွဲလို့ ဘာမှမထူးခြားဘူးလို့ ဆိုလိုက်တဲ့ နိုင်ဇော်က သမ္မတ ဦးသိန်းစိန်ကို အမေရိကန်သမ္မတရဲ့ လူထုနဲ့ တပြေးညီနွေးထွေးတဲ့ ဆက်ဆံရေးမျိုးကို မျှော်လင့်ထားပါတယ်။

“တကယ်ဖြစ်သင့်တာ အားလုံးက အမေရိကန်နိုင်ငံ သမ္မတ အိုဘာမားတောင် ကော်ဖီဝင်သောက်တယ်။ ကြည်ဖူးသေးတာပဲ။ အမေရိကန် သမ္မတအိုဘာမားသတ်မယ့်ဖြတ်မယ့်သူတွေအကြားထဲမှာ ကော်ဖီဆိုင် ၀င်ပြီးတော့ကော်ဖီမှာသောက်သွားတယ်။ ရှရှား သမ္မတနဲ့ အတူသောက်တဲ့အခါ ကော်ဖီဖိုးသူရှင်းတယ် ဆိုတော့ အဲဒီလိုအကိုတို့ သမ္မတကိုဖြစ်စေချင်တာ။ 

အနုပညာသမားတွေနဲ့ပျော် ပျော်ရွှင်ရွှင်နွေးနွေး ထွေးထွေး တွေ့မယ်တင်တာ။အခုတော့အခမ်းအနား ကြီးဖြစ်သွားတဲ့အခါ ဒီလိုအခွင့်အရေးကို သမ္မတ မရသွားဘူး။ အကို စိတ်မကောင်းဖြစ်နေတာက ဒီထက် နွေးထွေးစေချင်တာ” လို့ သူက ဆိုပါတယ်။

အဲဒီပွဲမှာ ဦးဆောင်သူတွေနဲ့ တွေ့သွားတာကြောင့် ပြောချင်တာရှိတဲ့သူတွေဘာမှ မပြောလိုက်ရဘူးလို့ ဆိုပါတယ်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List