Monday, July 28, 2014

တာမေးလ် ခိုလှုံခွင့် တောင်းခံသူ တွေကို စတင်စစ်ဆေးမယ်


မနေ့ညက ​Cocos ​ကျွန်းကနေ ​သြစတြေးလျ ​ပြည်မထဲကို ​လွှဲပြောင်းခံရတဲ့ ​ခိုလှုံခွင့်ခွင့်တောင်းခံသူ ​တာမေးလ် ​လူမျိုးတွေကို ​ဒီမနက်မှာပဲ ​သြစတြေးလျနိုင်ငံ ​အိန္ဒိယ ​ကောင်စစ်ဝန်ရုံးက ​၀န်ထမ်းတွေက ​စတင်စစ်ဆေးတော့မှာဖြစ်ပါတယ်။ သြစတြေးလျ ​အာဏာပိုင်တွေက ​အဆိုပါ ​ခိုလှုံခွင့် ​တောင်းခံသူ ​၁၅၇ ​ယောက်ကို ​လမ်းခုလပ်မှာပဲ ​ရက်သတ္တပတ် ​အတော်ကြာ ​ထိန်းသိမ်းခဲ့တာ ​ဖြစ်ပါတယ်။

သူတို့တွေကို ​ပြန်ပို့မယ် ​မပို့ဘူး ​ဆိုတဲ့ ​ကိစ္စကို ​သြစတြေးလျ ​တရားရုံးချုပ်နဲ့ ​သက်ဆိုင်ရာ ​အာဏာပိုင် ​တွေက ​အကြိမ်ပေါင်း ​များစွာ ​ဆွေးနွေးခဲ့ ​ကြတာဖြစ်ပါတယ်။ ​လက်ရှိ ​သြစတြေးလျ ​အစိုးရရဲ့ ​မူဝါဒ ​အရ ​ခိုလှုံခွင့် ​တောင်းခံ ​သူတွေကို ​လာရာလမ်း ​အတိုင်း ​ပြန်ပို့ဆောင် ​ရမှာဖြစ်ပါတယ်။

သီရိလင်္ကာ ​နိုင်ငံက ​တာမေးလ် ​လူမျိုးတွေဟာ ​သြစတြေးလျ ​နိုင်ငံမှာ ​ခိုလှုံခွင့် ​ရရှိဖို့အတွက် ​အိန္ဒိယ ​နိုင်ငံကနေ ​တဆင့် ​လာခဲ့တာကြောင့် ​သူတို့တွေကို ​လာရာလမ်း ​အတိုင်း ​ပြန်ပို့ဖို့ ​သြစတြေးလျ ​အစိုးရက ​ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မို့ ​အဆိုပါ ​ခိုလှုံခွင့် ​တောင်းခံသူတွေကို ​အိန္ဒိယတာဝန်ရှိသူတွေ ​စစ်ဆေးနိုင်ဖို့အတွက် ​သြစတြေးလျ ​ပြည်မထဲကို ​လွှဲပြောင်း ​ထားရှိတာဖြစ် တယ်လို့ ​သြစတြေးလျ ​နိုင်ငံ ​လူဝင်မှု ​ကြီးကြပ်ရေး ​၀န်ကြီး ​Soctt ​Morrison ​ကပြောပါတယ်။

အိန္ဒိယ ​နိုင်ငံကတော့ ​အဲဒီခိုလှုံခွင့်တောင်းခံသူတွေထဲမှာ ​သူတို့ရဲ့ ​နိုင်ငံသားတွေလို့ ​စစ်ဆေးတွေ့ရှိ ​မယ်ဆိုရင် ​အိန္ဒိယနိုင်ငံကို ​ပြန်ပို့ဆောင်မှာဖြစ်တယ်လို့ ​သတင်းတွေ ​ထွက်ပေါ် ​နေပါတယ်။

ABC

No comments:

Post a Comment

My Blog List