Thursday, July 31, 2014

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သုံးနှစ်အတွင်း ကလေး စစ်သား ၁ဝဝ ကျော် မိဘထံ ပြန်လည်အပ်နှံခဲ့



တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA) အဖွဲ့အတွင်း အသက်မပြည့်သေးသည့် ကလေးစစ်သား အချို့ရှိသော်လည်း သုံးနှစ်တာအတွင်း ကလေးစစ်သား ၁ဝဝကျော် မိဘထံအပ်နှံနိုင်ခဲ့သည်ဟု TNLA အတွင်းရေးမှူး တာဖုန်းကျော်ကပြောသည်။
''တော်လှန်ရေးကာလအတွင်း ကျွန်တော်တို့ဆီမှာ တပ်သားစုဆောင်းမှုမှာ အသက်ကန့်သတ်ချက်တွေရှိသော်လဲ အသက်မပြည့်သေးတဲ့ တပ်သားတွေ အကန့်အသတ်အနေနဲ့တော့ ရှိနေသေးတယ်။ ပမာဏတော့ တော်တော်နည်းပါ တယ်''ဟု တာဖုန်းကျော်ကပြောသည်။

တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)သည် ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ စစ်သင် တန်း ၁၅ ကြိမ်ပြုလုပ်ခဲ့ရာတွင် သင်တန်း တစ်ကြိမ်တွင် အသက် ၁၈ နှစ်မပြည့် သေးသူ ငါးဦးမှ ၁ဝဦးအထိပါဝင်ကြောင်း၊ ယင်းသို့ပါဝင်ကြောင်း စိစစ်တွေ့ရှိပါက သက်ဆိုင်ရာမိဘများထံ ပြန်လည်အပ်နှံ ခဲ့ကြောင်း တာဖုန်းကျော်က ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA)မှ အတွင်း ရေးမှူးတာဖုန်းကျော်က တပ်သားစု ဆောင်းမှုနှင့်ပတ်သက်ပြီး ''တော်လှန် ရေးကာလဆိုတော့ အချို့ရွာကြီးရင် TNLA မှာ လာရောက်စစ်မှုထမ်းဖို့ အကူအညီတောင်းတယ်။ ဒါကလဲမဖြစ် မနေ စစ်မှုထမ်းဖို့ လုပ်တဲ့သဘောပါ။ တချို့ရွာတွေကလဲ ငါးဦးဆို သုံးဦးအကူ အညီပေးတာရှိတယ်။ အချို့လုပ်တဲ့အ ပိုင်းတွေမှာ အသက်မပြည့်သေးတဲ့တပ် သားလေးတွေ ကျန်ရှိနေပါသေးတယ်။ အဲလိုတွေ့ပြီဆိုရင်လဲ တပ်မှူးတွေက သူတို့ရဲ့မိဘတွေဆီ ပြန်လည်အပ်နှံတာ တွေ ရှိပါတယ်'' ဟု ဆိုသည်။

တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်သည် စစ်သားစုဆောင်းရာတွင် အသက် ၁၈နှစ်မှ ၄၅နှစ်ကြားရှိ တပ်သားသစ်များကို ကျေးရွာအကြီး အသေးအလိုက် စစ်မှုထမ်းရန် အကူအညီတောင်းခံကာ စစ်သင်တန်းများ ပေးလျက် ရှိသည်။

တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)သည် ဖိနှိပ်ခံ တအာင်းလူမျိုးကို ကာကွယ်ရန်နှင့် နိုင်ငံရေးနည်းအရ နိုင်ငံရေးဆွေးနွေးမှု တွင် ပါဝင်လာနိုင်ရေးအတွက် ၄င်းတို့ တပ်မတော်ကို အင်အားကောင်းလာ စေရန် အဓိကလုပ်ငန်းစဉ်တစ်ခုအနေ ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

၂ဝ၁၄ခုနှစ်အတွင်း TNLAနှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲ ပေါင်း ၂ဝဝ ကျော်ဖြစ်ပွားခဲ့ပြီး ယမန် နှစ်ကထက် တိုက်ပွဲများမှာ ပိုမိုပြင်း ထန်ပြီး နှစ်ဖက်တပ်များအကြား ထိခိုက်ကျဆုံးမှုများလည်း များပြားလာကြောင်း တာဖုန်းကျော်က ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA)ကို ၂ဝဝ၉ခု နှစ်တွင် ပလောင်ပြည်နယ်လွတ်မြောက် ရေး တပ်ဦး(PSLF)၏ နိုင်ငံရေးဦးဆောင် မှုဖြင့် ဖွဲ့စည်းထူထောင်ခဲ့ပြီး ၂ဝ၁၁ခု နှစ်အကုန်မှစတင်ကာ ပြည်တွင်းရှိ တအာင်း၊ ပလောင်ဒေသအတွင်း နိုင်ငံ ရေးနှင့် စစ်ရေးလုပ်ငန်းစဉ်များချမှတ် ၍ လှုပ်ရှားဆောင်ရွက်နေခြင်းဖြစ်သည်။

TNLAနှင့် မြန်မာအစိုးရတို့သည် ၂ဝ၁၃ဇူလိုင်၃ဝရက်က အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ သော် လည်း အပစ်ရပ်စာချုပ်သဘောတူလက်မှတ်ရေးထိုးနိုင်ခြင်းမရှိဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment

My Blog List