Tuesday, July 29, 2014

မလေးရှား ပျက်ကျလေယာဉ် ဒုံးကျည်စထိမှန်ကြောင်း Black Box မှတ်တမ်းတွေ ပြသ


ယူကရိန်းနိုင်ငံအရှေ့ပိုင်းက မလေးရှားလေယာဉ်ပျက်ကျသွားတဲ့နေရာနား တ၀ိုက်က တချို့နယ်မြေတွေကို ရုရှားလိုလားတဲ့ သူပုန်တွေဆီကနေ တနင်္လာနေ့မှာ ပြန်ပြီးတော့ သိမ်းယူနိုင်လိုက်တယ်လို့ ယူကရိန်း စစ်တပ်က ပြောလိုက်ပါတယ်။

ဒါ့အပြင် မလေးရှားလေယာဉ်မှတ်တမ်းတွေအရ လေယာဉ်ဟာ Shrapnel ဒုံးကျည်နဲ့ တိုက်ခိုက်ခံလိုက်ရ တာဖြစ်တယ်လို့ ယူကရိန်းက ပြောလိုက်ပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားနယ်စပ်နားမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေကို ထိုးစစ်တွေဆင်နေ တဲ့တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Andriy Lysenko က ကိယဗ်မြို့တော်မှာ တနင်္လာနေ့က ပြောကြားလိုက်တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျသွားတဲ့နားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေဟာ အဲဒီ နားတ၀ိုက်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သူတို့ရဲ့ အစီအစဉ်တွေကို ၂ ရက်ဆက်တိုက်ဖျက်ခဲ့ရပါတယ်။

လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းကို လေ့လာသုံးသပ်နေတဲ့ ဗြိတိန်နိုင်ငံက စုံစမ်းစစ်ဆေးသူတွေကတော့ Shrapnel ဒုံးကျည်ထိခဲ့တာလို့ Lysenko ပြောတာနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးပြောကြားခဲ့ခြင်း မရှိဘဲ ဒီစုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ ဒတ်ခ်ျ စုံစမ်းစစ်ဆေးသူတွေကလည်း ဒါကို အတည်ပြုဖို့ ငြင်း ဆန်ခဲ့ပါတယ်။

VOA

No comments:

Post a Comment

My Blog List